Perfect Match: True Love (2018)


 

 

Rating : 6.3/10
Country : China
Genre : Comedy, Drama, Romance
Released Date : 2018
Duration : 1h 41min

အညွှန်း
ရမ့်ဟောက်မင်နဲ့ ရွမ်ချင်းထျန်က တာ၀န်တစ်ခုမှာမအောင်မြင်ခဲ့လို့ အလုပ်အနားခံလိုက်ရတယ်။
အပြင်မှာသွားလည်နေတုန်း ရွမ်ချင်းထျန်ကို ဖမ်းသွားဖို့လူတွေရောက်လာပြီး ရမ့်ဟောက်မင်အချိန်မှီ
ကယ်နိုင်ခဲ့တယ်။ တစ်ရက်မှာ၊ ရွမ်ချင်းထျန်က ဟောက်ယွီနဲ့လက်ထပ်တော့မဲ့အကြောင်းကို
ရမ့်ဟောက်မင်ကိုပြောပြလိုက်တယ်။ ဒါပေမဲ့ ရွမ်ချင်းထျန်ကသစ္စာဖောက်မယ်ဆိုတာကို
ရမ့်ဟောက်မင်ကမယုံဘူး။ ဟောက်ရွီကတစ်ခုခုကြံစည်နေတယ်လို့ သူထင်လိုက်တယ်။ ရွမ်ချင်းထျန်က
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကြောင့် ဒုက္ခတွေရောက်နေရလို့ သူကထွက်သွားဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့
ရွမ်ချင်းထျန်ရဲ့အဖေက ဟောက်ယွီဆီမှာရှိတယ်ဆိုပြီး ရွမ်ချင်းထျန်ကိုခြိမ်းခြောက်လိုက်တယ်။
အမှန်တော့ ဒီကိစ္စတွေအကုန်လုံးကို ရမ့်ဟောက်မင်ရဲ့ အဖေတူအမေကွဲ
အစ်ကိုဖြစ်တဲ့ဟောက်ယွီကစီစဥ်ထားတာ။ သူကရမ့်အိမ်ကိုလက်စားချေချင်ပြီး
ရမ့်ဟောက်မင်ပိုင်ဆိုင်တာတွေအကုန်လုံးကို လုယူဖို့ပါပဲ။ သူက
ရွမ်ချင်းထျန်အဖေရဲ့အသက်အန္တရာယ်ကို အသုံးချပြီး သူနဲ့လက်ထပ်ဖို့
ရွမ်ချင်းထျန်ကိုခြိမ်းခြောက်လိုက်တယ်။ စုံစမ်းမှုပြုလုပ်နေတဲ့ ရမ့်ဟောက်မင်က
ဟောက်ယွီရဲ့အကြောင်းနဲ့ သူဘာလုပ်ချင်တာလဲဆိုတာကိုသိသွားပြီး၊ ရွမ်ချင်းထျန်ရဲ့အဖေက
ဟောက်ယွီရဲ့လက်ထဲမှာမရှိတဲ့အကြောင်းကို ရွမ်ချင်းထျန်ကိုပြောပြလိုက်တယ်။ စိတ်ဒေါသထွက်နေတဲ့
ဟောက်ယွီက ရွမ်ချင်းထျန်ကိုဖမ်းပြီး၊ ရမ့်ဟောက်မင်လည်း ရွမ်ချင်းထျန်ကိုကယ်ဖို့
ဟောက်ယွီစီစဥ်ထားတဲ့ထောင်ချောက်ထဲကို‌ရောက်သွားပါတော့တယ်။

0 comments:

Post a Comment