Black Fox: Age of the Ninja (2019)


 

 

Rating : 5.2/10
Country : Japan
Genre : Action, Drama, Fantasy
Released Date : 2019
Duration : 1h 32min

အညွှန်း

BLACKFOX ဆိုတဲ့ ဂျပန် Anime ရုပ်ရှင်ကို ပြန်အသက်သွင်းပြီး live-action spin-off ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဂျပန်နင်ဂျာဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Anime ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ရဲ့ဘိုးဘေးဖြစ်သူ အမျိုးသမီးနင်ဂျာသူရဲ‌ကောင်း Rikka Isurugi ကို အဓိက‌ဇာတ်ကောင်အဖြစ် စိတ်၀င်စားစရာ ပုံဖော်ပေးထားပါတယ်။

မျိုးရိုးစဥ်ဆက်နင်ဂျာအဖွဲ့အစည်းရဲ့ ဂုဏ်ကို လူသတ်ခြင်းနဲ့ ထိန်းသိမ်းနေတဲ့ အဘိုးဖြစ်သူရဲ့ လမ်းစဉ်ကို မလိုက်နာနိုင်တဲ့ နင်ဂျာသူရဲ‌ကောင်း
မြေးမလေး Rikka Isurugi…၊ သူမဟာ ဖခင်ဖြစ်သူရဲ့စိတ်ထားအတိုင်း သနားကြင်နာတတ်သူ၊ လူသတ်လိုစိတ်မရှိသူ၊ အဖွဲ့ရဲ့ဂုဏ်ကို သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ ထိန်းသိမ်းလိုသူ၊ လူမသတ်ဘဲ နည်းလမ်းရှိကြောင်း အဘိုးကို သက်သေပြချင်သူပါ။

သိတတ်စအရွယ်ကတည်းက ထူးခြားတဲ့ စူပါပါဝါတစ်ခု ပိုင်ဆိုင်ထားတဲ့ Miya…၊ သူမကို လိုက်ဖမ်းနေသူတွေလက်ကနေ ထွက်ပြေးရင်း
ဖခင်အတွက်လက်စားချေဖို့ ကြိုးစားရင်း Rikka တို့ မြေးအဖိုးဆီ ရောက်ရှိလာတဲ့အခါ… အဘိုးဖြစ်သူက တကယ်ပဲ ကူညီပေးပါ့မလား။ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ။ Rikka နဲ့ Miya တို့ အရမ်းရင်းနှီးသွားကြပြီး သူရဲကောင်းမလေး Rikka က Miya အခက်အခဲတွေကို ဘယ်လိုကူညီပေးမလဲ။ Rikka အနေနဲ့ သူ့ရည်ရွယ်ချက်အတိုင်း အဘိုးဖြစ်သူကို သက်သေပြနိုင်ပါ့မလား။

တစ်ဖက်မှာလည်း Miya ဟာ သူ့ကိုလိုက်ဖမ်းနေသူတွေထဲမှာ မထင်မှတ်တဲ့သူပါ၀င်နေတဲ့အခါ… ဘယ်လိုရင်ဆိုင်မလဲ ဆိုတာတွေကို စိတ်၀င်တစား ကြည့်ကြရမှာပါ။ အတိုက်အခိုက်တွေပါ၀င်တဲ့ နင်ဂျာကားဖြစ်ပေမဲ့လည်း သားအဖမေတ္တာ၊ ချစ်စရာကောင်းတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ သစ္စာမေတ္တာတရားတွေကိုလည်း လေးလေးနက်နက်တွေ့မြင်ရမှာ ဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။

 

0 comments:

Post a Comment