Black Light (2020)


 

 

Rating : 5.4/10
Country : Korea
Genre : Drama, Crime
Released Date : 2020
Duration : 1h 47min

အညွှန်း
အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၂၀ မှာထွက်ရှိထားတဲ့ “Black Light” လို့အမည်ရတဲ့ တောင်ကိုရီးယား ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာဆိုရင် မတော်တဆမှုတစ်ခုကြောင့် ခင်ပွန်းကိုဆုံးရှုံးလိုက်ရပြီး မုဆိုးမဖြစ်သွားတဲ့ဟီဂျူဟာ သူ့ယောက်ျားရဲ့သေဆုံးမှုနဲ့ပက်သတ်ပြီး ပူဆွေးဝမ်းနည်းနေရာကနေ ပုံမှန်အတိုင်းပြန်သွားနိုင်ဖို့ နေ့ရက်တွေကို ခက်ခက်ခဲခဲကျော်ဖြတ်နေရတာပေါ့။

ဒါပေမယ့်တစ်နေ့မှာ သူ့ယောက်ျားနဲ့အတူ မတော်တဆဖြစ်ခဲ့ပြီး ကိုမာဝင်နေတဲ့သူရဲ့ ဇနီးက သူ့ယောက်ျားနဲ့ စက်ရုံတစ်ရုံထဲမှာပဲ အတူလုပ်ခဲ့တဲ့သူဆိုတာ သိသွားပြီးတဲ့နောက်မှာ ဒီမတော်တဆမှုက သွေးရိုးသားရိုးမဖြစ်နိုင်ဘူးလို့ တွေးခဲ့တယ်။ ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေမှာလည်း တစ်ခုခုမှားယွင်းတာဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့တယ်။ အဲဒီနောက်မှာတော့ အမှန်တရားကိုဖော်ထုတ်ဖို့ မဆုတ်မနစ်ကြိုးစားရင်းနဲ့ စက်ရုံနဲ့ပက်သတ်ပြီး မသမာမှုတွေကို အရိပ်အမြွက်သိလိုက်ရတယ်။

အဲဒါနဲ့ပဲ မတော်တဆမှုအကြောင်းကို စုံစမ်းရင်းနဲ့ စက်ရုံနဲ့ပက်သတ်ပြီး ဘယ်လိုမတော်တဆမှုတွေ ဖြစ်ခဲ့တာလဲ…သူ့ယောက်ျားဖြစ်ခဲ့တဲ့ ကားမတော်တဆမှုကရော ဘယ်သူကလုပ်ကြံတာဖြစ်မလဲ…ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်

 

0 comments:

Post a Comment