Vakeel Saab (2021)


 

Rating : 7.3/10
Country : India
Genre : Action, Drama, Thriller 
Cast : Pawan Kalyan, Nivetha Thomas, Anjali 
Released Date : 2021
Duration : 2h 33min

အညွှန်း
ဒီကားကတော့ အမီတာဘဂျမ်းရဲ့ Pink (2016) / အဂျစ်ကူမား nerkonda paarvai (2019) တို့ရဲ့ remark ကားတစ်ကားဖြစ်ပါတယ်။ဒီကားမှာတော့ ဒီဗီရာ၊ ပါလာဗီနဲ့ ဇာရီနာတို့ဟာ ကိုယ်ထိလက်ရောက်စော်ကားလာတဲ့ ယောက်ျားလေးအုပ်စုလက်ကနေ
ရုန်းကန်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပါလာဗီက နိုင်ငံရေးဩဇာကြီးသူတစ်ယောက်ရဲ့သားကို
ပုလင်းနဲ့ခေါင်းကိုရိုက်လိုက်မိပါတယ်။ အဲလိုနဲ့ သူဟာ လူသတ်ရန်ကြံစည်မှုနဲ့ တရားစွဲခံရပါတော့တယ်။
သုံးယောက်လုံးကိုလည်း လူချမ်းသာတွေကို မြှူစွယ်ငွေညှစ်သူတွေအဖြစ် စွပ်စွဲခံရပါတယ်။
တစ်ဖက်က နိုင်ငံရေးဩဇာကြီးသူရဲ့သားဖြစ်လို့ သူတို့ဘက်က ဘယ်သူမှရှေ့နေမလိုက်ပေးခဲ့ပါဘူး။သူတို့ကူကယ်ရာမဲ့နေကြတုန်းမှာပဲ အရက်သမားရှေ့နေတစ်ယောက်က သူတို့ရဲ့အမှုကိုလိုက်ပေးဖို့ သဘောတူလိုက်ပါတယ်။
ဒီအရက်သမားရှေ့နေက ဘယ်သူများလဲ၊ သူကရော ဘာတွေလုပ်ဆောင်နိုင်စွမ်းရှိမှာလဲ၊ သူတို့တွေ အင်အားကြီးတဲ့ပြိုင်ဘက်ကို
အနိုင်ယူပြီး အမှုကနေလွတ်မြောက်နိုင်မှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမယ့်
ရှေ့နေဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

0 comments:

Post a Comment