Rating : 5.8/10
Country : United State
Country : United State
Genre : Action, Adventure, Thriller
Cast : Michael B. Jordan, Jodie Turner-Smith, Jamie Bell
Released Date : 2021
Duration : 1h 49min
Released Date : 2021
Duration : 1h 49min
အညွှန်း
Coldwar အပြီးကို နောက်ခံထားပြီးတော့ စပိုင်ဝတ္ထုတွေရေးလေ့ရှိတဲ့ Tom Clancy ရဲ့ နာမည်ကြီးစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Without Remorse ဟာဆိုရင် Tom Clancy ရဲ့ ဝတ္ထုတွေကို အခြေခံပြီးရိုက်ကူးတဲ့ Jack Ryan Film series ရဲ့ Spin-off တစ်ခုလည်းဖြစ်ပါတယ်။ Spin-off ဆိုတော့ ရှေ့က Jack Ryan ကားတွေကို မကြည့်လည်း ကြည့်ရအဆင်ပြေပါတယ်။
Navy SEALs အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ John ဟာ မိသားစုအတွက် အချိန်ပေးနိုင်ဖို့ ရာထူးကနေအနားယူလိုက်ပါတယ်။ မွေးလာမယ့်သမီးလေးအတွက် သာမန်ဘဝတစ်ခုမှာပဲ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အလုပ်တွေကို လုပ်ကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နေတော့မယ့် John တစ်ယောက်အတွက် ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ နောက်ဆုံးအနေနဲ့ ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးက ရန်ငြိုးရန်စတွေက John တို့ တစ်ဖွဲ့လုံးကို ရိုက်ခတ်လာပါတော့တယ်။
ကျန်တာကတော့ ပြောလို့မကောင်းတော့လို့ ကိုယ့်ဘာသာပဲဆက်ကြည့်လိုက်ကြပါ။ မင်းသားကတော့ ပရိသတ်တွေနဲ့သိပ်မစိမ်းတဲ့ Michael B. Jordan ဆိုတော့ သိပ်ပြီးထွေထွေထူးထူးပြောစရာမလိုတော့ပါဘူး။ ဆိုတော့ Tom Clancy ပရိသတ်တွေအတွက် လက်မလွှတ်လိုက်ဖို့ပဲ အကြံပေးလိုက်ပါတယ်။
0 comments:
Post a Comment