Rating : 6.4/10
Country : India
Country : India
Genre : Drama, Thriller
Cast : Mammootty, Joju George, Murali Gopy
Released Date : 2021
Duration : 2h 31min
Released Date : 2021
Duration : 2h 31min
အညွှန်း
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ အန္ဒိယနိုင်ငံရေးဇာတ်လမ်းလေးဖြစ်ပါတယ်
ဝါရင့်မင်းသားကြီး Mammootty ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကာဒါကယ်ချန်ဒရန်ဟာ ကီရာလာရဲ့ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်
နိုင်ငံရေးမျိုးရိုးကနေဆင်းသက်လာသူမဟုတ်ပေမယ့် နိုင်ငံရေးအယူအဆသဘောတရားတွေဟာ သူများနဲ့မတူထူးခြားပါတယ်
အစိုးရရဲ့အကျင့်ပျက်ခြစားတဲ့ဝန်ကြီးတွေလွှတ်တော်အမတ်တွေအတွက် ဝန်ကြီးချုပ်ချန်ဒရန်ဟာခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတယ်
ဒါတင်မကသေးပါဘူး ဝန်ကြီးချုပ်ချန်ဒရန်ဟာ “Right to Recall”(ပြန်လည်ရွေးကောက်ပိုင်ခွင့်)ဆိုတဲ့အဆိုကိုတင်သွင်းချင်နေတာပါဒီအဆိုမှာဆိုရင်ပြည်သူတွေဟာ ကိုယ်ရွေးကောက်ထားတဲ့ကိုယ်စားလှယ်ကိုငါးနှစ်သက်တမ်းမပြည့်သေးလည်း
လုပ်ဆောင်မှုမကောင်းရင်ရွေးကောက်ပွဲပြန်ကျင်းပပြီးဖြုတ်ချနိုင်မှာဖြစ်ပါတယ် ရွေးကောက်ပွဲကာလမှာသာ
ပြည်သူတွေကိုကတိတွေတစ်သီတစ်တန်းပေးပြီးနေရာရတဲ့အခါဂရုမစိုက်တတ်ကြတဲ့ လွှတ်တော်အမတ်တွေဟာ
နေရာဆုံးရှုံးမှာကိုကြောက်တဲ့အတွက် အဆိုကိုခါးခါးသီးသီးငြင်းပယ်ကြပါတယ်အခက်အခဲတွေကြားမှ ဝန်ကြီးချုပ်ရဲ့ကြိုးပမ်းမှုကအောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ
ဆက်လက်ကြည့်ရှုလိုက်ကြပါဦး နိုင်ငံရေးအယူအဆကောင်းတွေ ဒီမိုကရေစီရဲ့အနှစ်သာရတွေကို အသားပေးပြီး
ရိုက်ကူးပြထားတာမလို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ
0 comments:
Post a Comment