Rating : 6.2/10
Country : India
Country : India
Genre : Action
Cast : Darshan Thoogudeep, Vinod Prabhakar, Asha Bhat
Released Date : 2021
Duration : 2h 46min
Released Date : 2021
Duration : 2h 46min
အညွှန်း
မင်းသားကြီး Darshan ရဲ့ 2021ထွက် အက်ရှင်ဇာတ်ကြမ်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
Raghavaဆိုတဲ့ လူတစ်ယောက်ဟာ ထမင်းချက်အလုပ် လုပ်ရင်း သူ့သားလေး Arjunနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေသူဖြစ်ပါတယ်။တစ်နေ့ပွဲတော်တစ်ခုမှာ Raghavaတစ်ယောက် ဝန်ကြီးလောင်းတစ်ယောက်ကို
လုပ်ကြံခံလုနီးနီးအချိန်မှာ ကယ်တင်လိုက်နိုင်ခဲ့တယ်။အဲ့ဝန်ကြီးလောင်းက Raghavaကို ကျေးဇူးဆပ်တဲ့အနေနဲ့
အလိုရှိရာတောင်းဆိုဖို့ပြောခဲ့ပေမဲ့ Raghavaက ဘာအရာကိုမှမတောင်းဆိုခဲ့ပါဘူး။ဒါပေမဲ့ ဒီလုပ်ကြံမှုကိုစီစဉ်တဲ့ အဲ့ဝန်ကြီးလောင်းရဲ့
ရန်သူ ဝန်ကြီးဟောင်းဖြစ်တဲ့ BhramThripatiကတော့ သူ့အစီအစဉ်ကို ပျက်စီးသွားအောင်လုပ်တဲ့ Raghavaတို့ သားအဖကို
ရန်ညိုးထားကာ အသေသတ်ဖို့ သူ့လူတွေကိုစေခိုင်းခဲ့တယ်။ဒါပေမဲ့Raghavaတစ်ယောက်က သူတို့ထင်ထားသလို ထမင်းချက်တစ်ယောက်မဟုတ်ဘဲနဲ့ အတိတ်မှာရာဇဝင်တွေရှိတဲ့လူဖြစ်ပြီး
သူတို့ပို့လိုက်တဲ့ လူသတ်သမားတိုင်းကိုလဲ အပြတ်ရှင်းပစ်နိုင်ခဲ့တယ်။Raghavaဟာ သူ့သားလေးကိုကာကွယ်ရင်းနဲ့
သူမေ့ထားချင်တဲ့အတိတ်နဲ့ပြန်လည်ပတ်သတ်ရမဲ့အဖြစ်တွေဖြစ်လာခဲ့ပါတယ်။Ragahavaတို့သားအဖတွေ ရန်သူတွေလက်က လွှတ်မြောက်နိုင်ပါ့မလား။
Raghavaကလဲ အတိတ်ကဘယ်လိုလူမျိုးလဲဆိုတာ ကြည့်ရှုကြပါအုံး။
ကြမ်းမှကြိုက်တယ်ဆိုတဲ့သူတွေအတွက်အကြိုက်တွေ့စေမယ့် ကားတစ်ကားလို့လဲညွန်းပေးလိုက်ရပါတယ်။
0 comments:
Post a Comment