My Sassy Girl (2021)

 


Rating : 6.5/10
Country : China
Genre : Action, Comedy
Released Date : 2021
Duration : 1h 30min

အညွှန်း
My sassy girl 2021ကတော့ Comedy/Action ကားတစ်ကားဘဲဖြစ်ပါတယ်။
Yu Shengnanဟာ သူ့အဖေနေမကောင်းတာကြောင့် သူ့အဖေရဲ့သိုင်းပညာလေ့ကျင့်ရေးအိမ်တော်ရဲ့
ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။အသက်ရှင်ဖို့နေရက်သိပ်မကျန်တော့တဲ့ သူ့အဖေရဲ့ နောက်ဆုံးဆန္ဒက
Yu shengnanလက်ထပ်တာကို မြင်သွားဖို့ဘဲဖြစ်တယ်။ဒါကြောင့်မို့ Yu Shengnanက အောင်သွယ်တော်အေဂျင်စီမှာဖောင်တင်ကာ သူနဲ့လက်ထပ်မဲ့ အမျိုးသားကိုရှာဖွေပါတော့တယ်။
Nui Duo Duoကတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ထားပြီးတော့ဘဝကိုငြိမ်းချမ်းချမ်းဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။
သူ့ရဲ့အိမ်မက်ကတော့ နူးညံသိမ်မွေ့တဲ့အမျိုးသမီးတစ်ယောက်ကို လက်ထပ်ဖို့ဘဲဖြစ်တယ်။ဒါပေမဲ့ အောင်သွယ်ရေးအေဂျင်စီကနေ တစ်ဆင့် Yu shengnanနဲ့ တွေ့ဆုံကာ တစ်လဟန်ဆောင်လက်ထပ်ဖို့စာချုပ်ချုပ်ဆိုတဲ့
အခြေအနေကိုရောက်ရှိသွားခဲ့ရပါတယ်။အကြမ်းဖက်မှုတွေကို မကြိုက်ဘဲဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်တဲ့
Nui Duo Duoတစ်ယောက် လက်ရဲဇက်ရဲရှိတဲ့ Yu Shengnanကိုလက်ထပ်ခဲ့ရုံတင်မကဘူး။ရှုပ်ထွေးလှတဲ့ သိုင်းလောကပြသာနာကြားထဲ ဘုမသိဘာမသိနဲ့ ပါသွားရပါတော့တယ်။သူတို့အိမ်တော်ကို ကျရောက်လာတဲ့
စိန်ခေါ်မှုအန္တရာယ်တွေကို Yu shengnanတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ။Yu shengnanနဲ့ Nui Duo Duoရဲ့အချစ်ရေးကရော
ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ကြည့်ရှုကြပါအုံး။

0 comments:

Post a Comment