Rating : 7.7/10
Country : United State
Genre : Comedy, Romance, Drama
Cast : Bradley Cooper, Jennifer Lawrence, Robert De Niro
Released Date : 2012
Duration : 2h 2min
Country : United State
Genre : Comedy, Romance, Drama
Cast : Bradley Cooper, Jennifer Lawrence, Robert De Niro
Released Date : 2012
Duration : 2h 2min
အညွှန်း
“အချစ်ဆိုတဲ့အရာကို ကမ္ဘာဦးထဲက လူတွေအမျိုးမျိုး အဓိပ္ပာယ်ဖွင့်လာခဲ့ကြတယ်။ ဒါပေမယ့် တခါတရံမှာ အချစ် ဟာ ကျွန်တော်တို့ထင်မှတ်မထားတဲ့နေရာမျိုးကနေ ဘွားခနဲ ရုတ်တရက် ပေါ်လာတတ်တာမျိုးဗျ …”ခုဒီ Silver Linings Playbook ဆိုတဲ့ကားကတော့ ဒါရိုက်တာ David O. Russell ရဲ့လက်ရာဖြစ်ပြီး မင်းသား Bradley Cooper နဲ့ မင်းသမီးချော Jennifer Lawrence တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီကားဟာ အော်စကာ စကာတင်စာရင်းမှာ ၈ဆုတိတိ လျာထားခံခဲ့ရပြီး Jennifer Lawrence က Best Actress ဆုရရှိခဲ့ပါတယ်။ Hunger Games ဇာတ်လမ်းတွေနဲ့ ပိုပြီးထင်ရှားလာတဲ့ Jennifer Lawrence ကို ခုလို တကယ့် Hollywood Superstar တယောက်ဖြစ်စေခဲ့တဲ့ ကားလို့ပြောရင် လွန်မယ်မထင်ပါဘူး။ကဲပါ … ရှည်ရှည်ဝေးဝေးမပြောပဲ ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရအောင်ပါ …
Patrick ( Bradley Cooper ) ဟာ Bipolar disorder လို့ခေါ်တဲ့ စိတ်ရောဂါတမျိုးခံစားနေရသူတဦးပါ။ စိတ်ကျန်းမာရေးဆေးရုံမှာ ၈လလောက်နေခဲ့ရအပြီးမှာတော့ သူဟာ သူ့မိဘတွေရှိရာ အိမ်ကို ပြန်လာခွင့်ရခဲ့ပါတယ်။ ဒါတောင် သူ့ရဲ့ စိတ်အခြေအနေက အရမ်းကြီးကောင်းလှတာမဟုတ်ပါဘူး။ တခါတခါ ထထဖောက်နေဆဲပါ။ Pat အိမ်ပြန်ရောက်တဲ့အခါမှာ သူ့ဘဝဟာ သုညဖြစ်နေရုံသာမက သူ့အဖေဟာလည်း စီးပွားရေးသိပ်မကောင်းလှဘူး။ သူ့မိန်းမကလည်း သူ့ကိုစွန့်ခွာသွားပါပြီ။ ဒီအခါမှာ Pat ဟာသူဘဝ ကိုသူ ပြန်လည်ထူထောင်ပြီး သူ့မိန်းမနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်မိပါတယ်။တနေ့မှာ Pat ဟာ သူ့သူငယ်ချင်းတစ်ယောက်ဖိတ်တဲ့ ညစာစားပွဲကို သွားရာကနေ သူ့သူငယ်ချင်းဇနီး ရဲ့ ညီမဖြစ်သူ Tiffany ( Jennifer Lawrence ) နဲ့တွေ့ဆုံခဲ့ပါတယ်။ Tiffany ဟာလည်း Pat လို စိတ်ကျန်းမာရေး သိပ်ကောင်းပုံမရပါဘူး။ မကြာသေးခင်ကမှ သူ့ခင်ပွန်းသည်ကို ဆုံးရှုံးထားရတာဖြစ်ပါတယ်။ ဒီလိုနဲ့ Pat နဲ့ Tiffany နှစ်ယောက် မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ Pat ဟာ Tiffany ကနေတဆင့် သူ့မိန်းမဆီကို ဆက်သွယ်လို့ရနိုင်တယ်လို့ သိသွားတဲ့အခါမှာတော့ သူ့မိန်းမဆီ စာပို့ပေးဖို့ Tiffany ကိုတောင်း ဆိုပါတယ်။ Tiffany ကလည်း သူဝင်ပြိုင်ချင်တဲ့ အကပြိုင်ပွဲမှာ ပါတနာအနေနဲ့ ဝင်ပြိုင်ပေးရင် လုပ်ပေးမယ်လို့ ပြောပါတယ်။ Pat ဟာအစက သိပ်လက်မခံချင်ပေမယ့် နောက်ပိုင်းမှာတော့ သူ့မိန်းမကို အဆက်သွယ်ရချင်တာကြောင့် လက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အကအတူကျင့်ကြရင်း ခင်မင်မှုတွေ ပိုလာခဲ့ရပါတော့တယ်။
တဖက်မှာလည်း Pat ရဲ့ အဖေဟာ Pat ကို သူနဲ့အတူအချိန်ပေးစေချင်တာ၊ ဘောလုံးပွဲ အတူကြည့်ပေးစေချင်တာ တွေလည်းရှိနေပြန်ပါတယ်။ Pat နဲ့ အတူကြည့်ရင် သူအားပေးတဲ့ အသင်းနိုင်တယ်လို့ လည်းစိတ်စွဲရှိနေတဲ့အတွက် ပိုဆိုးပါတယ်။ ဒါပေမယ့်လည်း Pat ဟာ သူ့အဖေနဲ့ အချိန်အတူတူ ကုန်ဆုံးမယ့်အစား Tiffany နဲ့အကသွားကျင့်နေတဲ့အတွက် သူ့အဖေဟာ Tiffany ကိုအမြင်မကြည်ဖြစ်နေပါရောဗျာ …ဒီလိုနဲ့ပဲ Pat ဟာ သူ့အဖေနဲ့ Tiffany ကြားမှာညှပ်နေရသလို၊ သူ့ရဲ့မိသားစုအပေါ်အချိန်ပေးရမလား သူ့မိန်းမနဲ့ ပြန်နီးစပ်ဖို့ပဲ ကြိုးစားရမလား ဆိုတဲ့အတွေးတွေနဲ့ ရှုပ်ထွေးနေရပြန်ပါတယ်။ ဒီချိန်မှာ မမျှော်လင့်ပဲ သူ့မိန်းမဆီက ပြန်စာကို Pat ရလိုက်တဲ့အခါ …
အဲဒီပြန်စာထဲမှာ ဘာတွေများပါနေသလဲ … သူ့ အဖေဖြစ်စေချင်သလို ဘောလုံးပွဲတွေ အတူလိုက်ကြည့်ရင်း သူ့အဖေနဲ့ အတူပဲအချိန်ပေးသွားနိုင်မှာလား … Tiffany ကိုကတိပေးထားတဲ့ ကပွဲ ကိစ္စကကော ဘယ်လိုဖြစ်လာမှာလဲ … ဒီ Silver Linings Playbook ဆိုတဲ့ကားမှာ ကြည့်ရှု ခံစားပေးကြပါဦးဗျာ …
ဒီကားဟာ တခြား Drama ကားတွေလို twist ကြီးကြီးမားမားတွေ၊ ဘာတွေ သိပ်မပါပါဘူး။ အဓိက ဆွဲဆောင်သွားတာက မင်းသား Bradley Cooper ရဲ့စိတ်မူမမှန်သူပုံစံမျိုး သရုပ်ဆောင်ဟန်တွေ၊ Jennifer Lawrence ရဲ့ မျက်နှာထား၊ ဟန်ပန်ကောင်းမွန်မှုတွေပါပဲ …။ နောက်ပြီး မင်းသားတို့ သားအဖရဲ့ ဆက်ဆံရေး တွေကလည်း ဒီကားကို ဇာတ်ရှိန်တက်စေပါတယ်။။ Drama ကားကောင်းကောင်း ကြိုက်သူတွေအတွက်တော့ ဒီကားကြည့်ပြီးရင် ရင်ထဲမှာ တစုံတရာတော့ ကျန်ခဲ့မှာပါ။
0 comments:
Post a Comment