Elle (2016)


 

Rating : 7.1/10
Country : United State
Genre : Crime, Drama, Thriller 
Cast : Isabelle Huppert, Laurent Lafitte, Anne Consigny
Released Date : 2016
Duration : 2h 10min

အညွှန်း
” ငါ မုဒိန်းကျင်ခံလိုက်ရတယ်ဘာ… နင် ရဲကိုအကြောင်းကြားပြီးသွားပြီလားဘာလို့ အကြောင်းကြားရမှာလဲ ”ရုပ်ရှင်ဝေဖန်ရေးလောကမှာ လေးစားမှုအများဆုံးရယူထားနိုင်ခဲ့သောအနုပညာ ဖန်တီးမှုဒီဇာတ်ကား ရဲ့ အမျိုးအစားက Crime ၊ Drama Thriller ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ထွက်ရှိထားခဲ့ပြီးတော့ တစ်ကား ကြာချိန် ၁၃၀ မိနစ်ရှိပါတယ်။ IMDb Rating 7.2 ၊Rotten Tomatoes average rating 8/10 ၊ Metacritic89/100 ရရှိထားပါတယ်။ ဘာလို့ ဒီလောက်Rating တွေမြင့်နေရတာလဲ ဆိုတာကိုဇာတ်ကားကြည့်ပြီးမှ ဝေဖန်လိုက်ပါ။

ဒီဇာတ်ကားက ပြင်သစ်စကားပြော ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားက Phillippe Djian ရဲ့ Oh ဆိုတယ့်ဝတ္တုကို ပြန်လည်ရိုက်ကူးထားတယ့် ကားပါ။ဒီဝတ္တုက ၂၀၁၂ ခုနှစ်ကထွက်ရှိထားပြီးအမျိုးသားစာပေဆုကိုရရှိခဲ့တယ့် ဝတ္ထုပါ။ဝတ္တု မှာကတည်းက အရှိန်အဝါကြီးခဲ့တာပါ။

ဒီဝတ္တု ကို ဒါရိုက်တာ Paul Verhoeven ကပြန်လည်ရိုက်ကူးခဲ့ပါတယ်။ဒီဒါရိုက်တာက ၂၀၀၆ခုနှစ်တုန်းက Black Book ဇာတ်ကားရိုက်ကူးခဲ့ပြီး ပထမဆုံးပြန်လည်ရိုက်ကူးထားတယ့်Masterpiece ပါဘဲ။ ဒီရုပ်ရှင်ကားကရုပ်ရှင်ဆုပေးပွဲတော်တော်များများ ကို ကြီးကြီးမားမားဝင်ရောက်ချယ်လှဲခဲ့ပါသေးတယ်

CannesFlim Festival ၊ Academy Awards ၊ Cesar Award တို့လို သြဇာကြီးမားတယ့် ဆုပေးပွဲတွေ အပါအဝင် အမေရိက ၊ ဥရောပတစ်လွှားက ရုပ်ရှင် ဆုပေးပွဲပေါင်း ၄၀ မှာ ဆုအားလုံးပေါင်း ၇၈ ခုထိ ဇကာတင်စာရင်း ဝင်ထားခဲ့ပြီးဆု ၃၅ ဆု ကို ရရှိထားခဲ့ပါတယ်။

ဝေဖန်ရေးစာရင်း ၄၉ ခုမှာ ထိပ်ဆုံး ၁၀ နေရာထဲကို ဝင်ရောက်နေရာယူထားခဲ့ပါတယ်။ ဆုတွေ ကြည့်ရုံနဲ့ရှိန်ပြီး အဖျားပါတက်သွားလောက်တယ်။အဓီက ကတော့ ဝေဖန်ရေးဆရာတွေ ပါးစပ်ဖျားမှာ တသသဖြစ်သွားစေနိုင်ခဲ့တယ်ဆိုတာပါဘဲ။

အဓိက သရုပ်ဆောင်တွေက မင်းသမီးကြီး lsabelle Huppert ၊မင်းသား Laurent Lafitte ၊ Anne Consigny ၊Charles Berling တို့အပြင်တစ်ခြားဇာတ်ဆောင်တွေ ပါပါတယ်။အဓီက ကတော့ မင်းသမီးHuppert ရဲ့ဇာတ်ကားဆိုလဲ မမှားပါဘူး ၊

ဒီကားမှာ သူက main role အနေနဲ့သရုပ်ဆောင်ထားပြီး အနုပညာဖန်တီး အရသာစစ်တွေကိုချပြလိုက်ထားပါတယ်။ဒီတော့ဒီဇာတ်ကားရဲ့အဓီက ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်နေတယ့် မင်းသမီးကြီအကြောင်းကိုနည်းနည်းလောက်ပြောပြပေးပါမယ်။

ဒီမင်းသမီးကြီးကပြင်သစ်နွယ်ဖွားရုပ်ရှင်မင်းသမီးဖြစ်ပြီးအသက် ၆၄ နှစ်ရှိပြီးဖြစ်ပြီး သူမပထမဆုံးရုပ်ရှင် ကို ၁၉၇၁ မှာထွက်ရှိခဲ့ပြီး များမကြာမီမှာဘဲ ထိပ်တန်း သရုပ်ဆောင်စာရင်းဝင်လာခဲ့ပါတယ်။

သူမရိုက်ကူးခဲ့တယ့်ဇာတ်လမ်းတွေ က ဒီဇာတ်ကားလို ဘဲလူ့အသိုင်းဝိုင်းထဲမှာ ပုန်းအောင်းနေတက်တယ့် စန်းကျယ်တယ့် လူ့သဘာဝတွေအကြောင်းကို ဘဲရိုက်ကူးထားတယ့် ကားတွေဖြစ်ပါတယ်။ psycho ဆန်ပြီး လိင်မှုကိစ္စတွေ နဲ့ဆက်နွယ်နေတယ့်ကားတွေ ပေါ့။

သူမသရုပ်ဆောင်ထားတယ့် ဇာတ်ကားတွေက အပြင်လောကမှာ လူတွေ စပ်စုချင်ကြပြီး အတင်းပြောလို့ကောင်းတယ့် ဇာတ်ကောင်မျိုးတွေပါ။သူမဟာကိန်းရုပ်ရှင်ပွဲတော်မှာ ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၂ ဆုရရှိထားပြီးတစ်ခြားဆုတွေ တော်တော်များများလဲရရှိထားပါတယ်။

သူမမှာ သားသမီး ၃ ယောက်ရှိပြီးတစ်ယောက်က မင်းသမီးဖြစ်ပါတယ်။ဟုတ်ပါပြီဒါကတော့ ဇာတ်ကားနောက်ခံသမိုင်းကြောင်းနဲ့ဆက်စပ်တာတွေ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။အခု ဇာတ်လမ်းပိုင်းကို သွားပါမယ်။

ဒီဇာတ်ကားက လူတွေ ကို super heros ဇာတ်လမ်းမျိုးတို့Action ဇာတ်လမ်းမျိုးတို့လိုလူအများစုကိုအာရုံစိုက်စရာဖြစ်နေချင်မှဖြစ်နေပါလိမ့်မယ် ၊ဒီဇာတ်ကားအမျိုးအစားက ရုပ်ရှင်ဇာတ်ကားကိုတွေ အေးဆေးကြည့်ပြီး ထဲထဲဝင်ဝင် ခံစားတက်တယ့် သူမျိုးတွေ အတွက်ကြည့်သင့်တယ့် ဇာတ်ကားမျိုးပါ။

တစ်နည်းပြောရရင်ရုပ်ရှင်ဇာတ်ကားတွေ ကို pro ဆန်ဆန်ကြည့်တက်တယ့် သူတွေ အတွက်ပါ။ဒီလို ဇာတ်ကားမျိုးကို ၁၈+ ဆန်တယ့် လို့ခေါ်တာတက်ရုပ်ရှင်ကို အချိန်ဖြုန်းဖို့ ကြည့်တယ့် သူတွေအတွက် မဟုတ်ဘူး လို့ဆိုရင်ပိုမှန်ပါလိမ့်မယ်။

ဒီဇာတ်ကားက Crime လို့ပြောတာထက်လူတွေ ရဲ့တဏာရမက် အာသီသ ကိုခေါ်ထုတ်ဆွဲခေါ်ပြီး စင်ပေါ်တင်ပေးလိုက်တယ့် ဇာတ်လမ်းမျိုးပါ။ ဒီဇာတ်ကားကို အပေါ်ယံကြည့်ရင်တော့လိင်ကိစ္စ အကြောင်းလို့ထင်ရနိုင်ပါတယ်။

လူ့တွေ ရဲ့ထူးဆန်းတယ့် တပ်မက်မှု တွေ၊စိတ်ပိုင်းဆိုင်ရာပြသာနာတွေ ၊ ခွင့်လွှတ်ခြင်းတွေ၊လစ်လျူ မှုတွေ ၊ အသိုင်းဝိုင်းတစ်ခုရဲ့ဆက်ဆံရေးတွေ ကို ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်းရိုက်ကူးထားတယ့် ကားပါ။

ဇာတ်လမ်းတည်းဆောက်ထားပုံက တစ်ချို့အခန်းတွေ မှာတစ်ချက်တစ်ချက် လန့်သွားစေပြီး၊မင်းသမီးအပေါ်သနားစိတ် ၊ သူ့မရဲ့ တပ်မက်မှုအာသီသ တွေ ၊ ခန့်မှန်းလို့မရတယ့် လူ တွေ စိတ်သဘောထားတွေ ၊ဆန်းကျယ်တယ့် လူ့စိတ်သဘာ၀ ၊ မြုပ်ကွက်တွေ နဲ့ တည်ဆောက်ထားတာတွေ့ရပါတယ်။

ဒီဇာတ်ကားထဲကဇာတ်ကောင်တစ်ယောက်ချင်းစီမှာ မတူညီတယ့် စိတ်နေအခြေနေနဲ့သူ့တို့ရဲ့ဖုံးကွယ်နေထားအနက်ရောင် စိတ်အခြေနေတွေ ပိုင်ဆိုင်ထားတယ့် ဝတ္တုဖွဲ့ စည်းထားမှုက လေးစားလောက်စရာပါ။ ကိုယ်ပတ်ဝန်းကျင်မှာလဲသူတို့ဖုံးကွယ်ထားတယ့် အနက်ရောင် စိတ်အခြေနေတစ်ခု စီရှိကြပါတယ်။

အဲ့ဒီအခြေနေကိုအများစုက တစ်ကိုယ်တည်းရှိနေတယ့် အခါမျိုးမှာ ဖော်ထုတ်ပြတက်ကြပါတယ်။ပြင်သစ်စကားပြောဇာတ်လမ်းဖြစ်လို့ အင်္ဂလိပ်အသံထွက်ထက်စာရင် ဇာတ်ကားရဲ့အရသာကိုအပြည့်အဝမခံစား ရဘူးလို့ ထင်မိပါတယ်။

ဒါပေမယ့် လက်ရာမြောက်တယ့် ဒါရိုက်တာနဲ့ဆရာကျတယ့် သရုပ်ဆောင်ချက်တွေ နဲ့ချပြသွားတယ့် မင်းသမီး နဲ့ တစ်ခြားသရုပ်ဆောင်တွေ ကြောင့် ဇာတ်လမ်းအရသာပျက်မသွားခဲ့ပါဘူး။ စရိုက်တစ်မျိုးစီပိုင်ဆိုင်ထားကြတယ်ဇာတ်ဆောင်တွေ က ခံစားမှု ရသတစ်မျိုးစီပေးနေပါတယ်။

တစ်ချို့ သူတွေ အတွက်ဒီထဲမှာပါတယ် ဇာတ်ကွက်တွေ က မဖြစ်နိုင်စရာလို့ ယူဆနိုင်ပေမယ့် အပြင်လောကမှာတစ်ကယ်ရှိနေပါတယ်။

ပိန်ပိန်ပါးပါး အသက်၅၀ ကျော် အိမ်ထောင်ကွဲ ၊ လူလွတ် ၊ဂိမ်းကုမ္မဏီပိုင်ရှင် တဏာ ရမက်ပြင်းထန်ပြီး စိတ်ဒဏ်ရာရနေတယ့်အမျိုးသမီး မီရှယ်၊ သူ့ကိုကြည့်ပြီးသနားစိတ် ဖြစ်မိသလို အားမရတာတွေ ငါသာသူ့နေရာမှာဆို ဘယ်လိုလုပ်မလိုက်မှာ ဆိုပြီးမချင့်မရဲ့ဖြစ်မိပါတယ် ၊

သန့်သန့်ပြန့်ပြန့်ရုပ်ရည်နဲ့ ဘာသာရေးလိုက်စားတယ့်အမျိုးသမီးနဲ့ အမျိုးသမီးတွေ ကြွေလောက်တယ့်တည်ကြည်တယ့်အနေအထိုင် ခန့်ညားမှုတွေ နဲ့အတူ ထင်မှတ်မထားလောက်တယ့် စရာစရိုက်ရှိတယ့် ပတ်ထရစ် သူ့စိတ်အခြေနေကထူးဆန်းတယ်

တစ်ချို့ဇာတ်ကွက်တွေ မှာဗိုက်အရမ်းဆာနေတယ့်အချိန် မျော်လင့်ချက်အပြည့်နဲ့ ထမင်းဆိုင်သွားခါမှာ အားလုံးကုန်သွားပြီလို့ပြောခံလိုက်ရတယ့် ခံစားချက်ကိုကို ပေးအောင်လုပ်နိုင်တယ့် သူ ၊ မီရှဲ အမေဖြစ်ပြီး သမိုင်းမှာ လူတွေ မမေ့နိုင်လောက်စရာလူသတ်မှုကိုလုပ်သွားတယ့် အမျိုးသားရဲ့မိန်းမ အသက်ကြီးပိုင်းအရွှယ်မှာ ဖြစ်ပေါ်လာတယ်

တဏှာအာသီသ ကို ဖြစ်ချင်တယ့်အတိုင်းလုပ်ပြီး တစ်ခြားသူအမြင်ထက် ကိုယ်ပျော်ဖို့သာအရေကြီးတယ် လို့ ခံယူထားတယ့်အီရမ် ၊ သူကဇာတ်ကောင်စရိုက်ကိုကြည့်ပြီးအပြစ်အရင်ဆုံးပြောကြလိမ့်မယ်ဆိုတာ သိပါတယ် ၊

ဒါပေမယ့် သူနေရာသူဘာလို့ဒီလိုလုပ်တာလဲ ဆိုတယ့် သူ့ဘက်ကဖြစ်နေတယ့် စိတ်လေးကိုဝင်ကြည့်ပြီး နားလည်းနိုင်မှပြောတာပိုကောင်းပါတယ် အသက်ကြီးသူတွေနဲ့လိင်ကိစ္စ သက်ဆိုင်မှုမရှိဘူး လို့ မြင်နေကြတယ့်လူအဖွဲ့အစည်းအတွက်တော့ အငြင်းပွားစရာပါဘဲ ၊

နောက်တစ်ယောက်ထပ်ပြောချင်တာကမီရှဲ ရဲ့သား ကြောင်တောင်တောင် နှုံတုံတုံပုံစံနဲ့ အလုပ်အကိုင်အတည်တကျမရှိဘဲမိန်းကလေးတစ်ယောက်ကို ကြိုက်ပြီးဘာမှမမြင်တော့တယ့် သောက်ငနွား ဗင်ဆင့် ၊

သူ့နဲ့ကြိုက်တယ့် မိန်းကလေးက လူဖြူသူလဲ လူဖြူ သူကောင်မလေးမွေးလာတော့ကပ္ပလီလေး အားလုံးကနင့်သာမဟုတ်ဘူးလို့ဝိုင်းပြော သူလဲမဖြစ်နိုင်မှန်းသိပေမယ့် ဇွတ်သူ့သားဆိုပြီး စရိုက်ဆန်တယ့် အမျိုးသမီးတစ်ယောက် ကြောင့် ဘာကိုမှမမြင်တော့တယ် ဇာတ်ကောင်ကို ကြည့်ပြီး သူ့ကိုမြင်မီတိုင်း ငနွားကြီးငနွားကြီးလို့စိတ်ထဲမှာ မရိုးမရွှဖြစ်လာပါတယ် ၊

သူ ပဲ သရုပ်ဆောင်ကောင်းလို့လားတော့မသိပါဘူး ၊ သူ့နေရာက ဝင်ကြည့်မယ်ဆိုရင် သူ့ကိုနားလည်ပေးလို့ရပါတယ် အချစ်စစ်လို့ခေါ်မလား ဘာလားပေါ့ ၊ နောက်ဆုံးတစ်ယောက်ကို မိတ်ဆက်ပေးချင်တာကတော့မီရှဲ ရဲ့အရင်းနှီးဆုံးသူငယ်ချင်း အလုပ်လဲ တူတူ လုပ်ကြတယ် ခင်မင်လာတာလဲ တော်တော်ကြာနေပြီး စိတ်ကောင်းအရှိဆုံး အမျိုးသမီးအန်နာ၊

သူကတော့အေးအေးဆေးဆေးနဲ့ပျော်ပျော်နေပြီးသူငယ်ချင်းကောင်းတစ်ယောက် ဒါပေမယ့် ကံကြမ္မာကသူ့ကိုလွှတ်ငြိမ်းချမ်းသာခွင့်မပေးပါဘူး၊သူ့ယောကျာ်း ဖောက်ပြန်နေတာကိုရိပ်မိ ပြီး နောက်ဆုံးသူ့ယောကျာ်ဖောက်ပြန်နေတယ့်သူ့ကို သိလိုက်ချိန်မှာ သာမန်သူဆိုရင် နင်လာငါလား တစ်ပွဲတစ်လမ်းတော့လုပ်မိမှာပါ ၊

ဒါပေမယ့် သူ့ရဲ့ ခွင့်လွှတ်နိုင်မှု လားစိတ်ကောင်းရှိတာလား တော့မသိဘူး အံ့သြလောက်စရာကောင်းတယ့် စိတ်ဓာတ်ကို နောက်ဆုံးပိုင်းမှာတွေ့ရပါတယ်။ဒီဇာတ်ကားက လူတွေ ရဲ့ဆန်းကျယ်တယ့်လိင်စိတ်ခံစားမှုတွေ ၊ သူတို့ရဲ့ခံယူချက်တွေ၊ လူ့အဖွဲ့အစည်းအတွင်းမှာအမှန်တကယ်ရှိတယ့် လူတွေ ရဲ့ဆန်ပြားတယ့် စိတ်အာသီသတွေ ကို တွေ့မြင်ရမှာပါ။

ဒီဇာတ်ကားတစ်ခုလုံးကိုခြုံကြည့်လိုက်ရင် ဇာတ်ကားထဲမှာပါတယ့်အမျိုးသားအားလုံးက တစ်ယောက်တစ်မျိုးမကောင်းဘူးဆိုပြီးညွှန်းဆိုနေသလို ပါဘဲ။ အဲ့ဒါတော့မမျှတဘူးလို့ထင်ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကွက်တိုင်းကို IQ level ၁၂၀ လောက်ခဏထားပြီးကြည့်ပါလို့ပြောချင်ပါတယ်။

ရိုင်းရိုင်းပြောရရင် လူတွေ မှာဒီလိုစိတ်မျိုးမရှိကြဘူးဆိုရင် pron sites တွေမှာ Ugly ၊ Grannychild ၊ Slave ၊ Animals တို့လို categoriesတွေရှိနေစရာအကြောင်းမရှိပါဘူး။

0 comments:

Post a Comment