Valasa (2021)


 

Rating : 6.0/10
Country : India
Genre : Comedy, Crime, Drama
Cast : Teju Anupoju, Fm Babai, Vinay Mahdevan
Released Date : 2021
Duration : 1h 50min

အညွှန်း
"လူတိုင်းက ကျွန်တော်တို့ရဲ့သွေးနဲ့ချွေးကို လိုအပ်ကြပေမဲ့ ဘယ်သူကမှ ကျွန်တော်တို့ရဲ့ဆာလောင်မှုကို ဂရုမစိုက်ကြပါဘူး၊ ကျွန်တော်တို့တွေကို လူတွေလိုမဆက်ဆံပေးကြဘူး" ကိုဗစ်ကာလအတွင်း တစ်မြို့တစ်ရွာရွှေ့ပြောင်းနေထိုင်ကြတဲ့ အခြေခံလူတန်းစားတွေရဲ့ အိမ်အပြန်ခရီးနဲ့ ခွဲခြားဆက်ဆံခံရပုံကို မီးမောင်းထိုးရိုက်ကူးပြသထားတာပါ။
အလုပ်တွေမရှိတော့တဲ့အခါ နေရပ်ပြန်ဖို့ ကြိုးစားကြသူတွေ၊ မတူညီတဲ့ အခက်အခဲအမျိုးမျိုးနဲ့ မိသားစုတွေ၊ လမ်းမှာ ကြုံတွေ့ရတဲ့ ဒုက္ခမျိုးစုံ၊ အာဏာပိုင်တွေရဲ့ဗိုလ်ကျအနိုင်ကျင့်မှု၊ ကိုယ့်အတွက်ပဲကြည့်တဲ့ အတ္တသမားတွအပါအ၀င် လူအမျိုးအမျိုးနဲ့ ရင်ဆိုင်ရပုံကို အရိုးရှင်းဆုံးနဲ့ သဘာ၀ကျကျ ပုံဖော်ထားတာဖြစ်ပါတယ်။ မွေးရပ်မြေကို ခြေလျင်‌လမ်းလျှောက်ပြန်ကြရင်း၊ ဒုက္ခရောက်နေတာချင်းအတူတူ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာတရားနဲ့ ရိုင်းပင်ကူညီတာကိုရော၊ လူအချင်းချင်း အာဏာကိုလက်ကိုင်သုံးပြီး လည်မျိုကို ခြေထောက်နဲ့နင်းတဲ့အထိ မိုက်ရိုင်းမှုကိုလည်း တွေ့မြင်ကြရမှာပါ။
ဒုက္ခတွေကြားမှာ ကလေးမွေးတဲ့သူနဲ့ Ro ကြတဲ့သူတွေကလည်း ကြည့်တဲ့သူတွေကို ကြည်နူးပြုံးရွှင်စေမှာပါ။ လက်ရှိ အိန္ဒိယဟာ အမေရိကန်ပြီးရင် ကမ္ဘာမှာ COVID-19 ကူးစက်မှု ဒုတိယမြောက်အများဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအတွင်းလူတွေအားလုံးနီးပါးဟာ အဲဒီရောဂါရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားကြရပြီး စီးပွားရေးတွေလည်း ကျဆင်း လာပါတယ်။ အဆိုးဆုံးခံစားရသူ‌တွေကတော့ အခြေခံလူတန်းစားတွေပါပဲ။ အလုပ်လက်မဲ့ဖြစ်လို့၊ နေရပ်ပြန်ဖို့ကြိုးစားတော့လည်း Lockdown ကာလထဲမှာ ရပ်ရွာကလက်ခံ/မခံ မသေချာ၊ ပြန်စရာဆိုလို့ ကိုယ့်ခြေထောက်တစ်စုံကိုပဲ အားကိုးစရာဖြစ်လာပါတယ်။ လမ်းမှာ ရှားရှားပါးပါးကားကြုံတာတောင် တင်မခေါ်ကြ၊ ကားပေါ်တင်ခေါ်ပြန်တော့ အခကြေးငွေနဲ့ ဖြစ်နေပြန်တယ်။ ကားနဲ့ရော ခရီးဆုံးထိရောက်ပါ့မလား၊ ခြေလျင်ဆက်လျှောက်ရဦးမလား၊ ဘယ်သူ‌တွေအတွက် ပျော်စရာဖြစ်ပြီး ဘယ်သူတွေအတွက် ၀မ်းနည်းစရာ အဆုံးသတ်ဖြစ်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုကြပါနော်။

0 comments:

Post a Comment