Anything for Jackson (2020)


 

Rating : 6.5/10
Country : United State
Genre : Horror
Cast : Sheila McCarthy, Julian Richings, Konstantina Mantelos
Released Date : 2020
Duration : 1h 37min

အညွှန်း
ဒီကမ္ဘာမှာမွေးဖွားလာသူတိုင်းက ချစ်ရသူတွေနဲ့ကွေကွင်းရ ခွဲခွာရတဲ့ဒုက္ခကို မလွဲမသွေခံစားရမှာပါဘဲ။ ဒီအချက်ကို လက်ခံသူတွေရှိသလို လက်သင့်မခံနိုင်သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီဇာတ်ကားထဲမှာတော့ ယာဉ်မတော်တဆမှုတစ်ခုမှာ မြေးဖြစ်သူJacksonလေးကို ဆုံးရှုံးလိုက်ရတဲ့ Henry နဲ့ Audreyတို့ဇနီးမောင်နှံဟာ Jacksonလေးကိုပြန်ရဖို့အတွက် အမှောင်လောကနဲ့ အပေးအယူလုပ်ဖို့နည်းကို ရှေးဟောင်းစာအုပ်တစ်အုပ်ကနေ တွေ့ရှိလိုက်ရပါတယ်။
သားသမီးအချစ် မြေးအနှစ်ဆိုတဲ့အတိုင်း Jacksonကိုသာပြန်ရရင် ဘာမဆိုပေးဆပ်ရဖို့ သူတို့ပြင်ဆင်ကြပါတော့တယ်။ Single motherဖြစ်ပြီး ဒီမြို့လေးမှာ တစ်ကိုယ်တည်းလာရောက်နေထိုင်တဲ့ Beackerတစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး ယဇ်ပူဇော်မှုရဲ့သားကောင်ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။ သူတို့ရဲ့အကွက်ကျကျစီစဉ်မှုတွေကရော မျှော်မှန်းထားသလို ဖြစ်လာမှာလား။ သူတို့ကအမှောင်နတ်ဆိုးကို ဖိတ်ခေါ်ပြီး Jacksonရဲ့ဝိဉာဉ်ကို ခေါ်ဆောင်ခဲ့ပေးဖို့ တောင်းဆိုခဲ့တာပေမယ့် ဝိဉာဉ်လောကသားတွေအကုန်လုံး သူတို့အိမ်ကို ရောက်ရှိလာတဲ့အခါမှာတော့......
IMDb 6.5 နဲ့ Rotten tomatoes 98% အထိ ရလဒ်ကောင်းတွေရရှိထားတဲ့ လူသားတွေရဲ့အတ္တစွဲတစ်ခုနဲ့ မလုပ်သင့်တဲ့အပေးအယူကြောင့် ကံဆိုးရတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Horrorဇာတ်ကားလေးတစ်ကားဖြစ်တာမလို့ Horrorချစ်ပရိသတ်ကြီးတို့ကို ကြည့်ရှုခံစားဖို့ အကြံပြုလိုက်ရပါတယ်။

0 comments:

Post a Comment