Super Over (2021)


 

Rating : 6.9/10
Country : India
Genre : Drama, Thriller 
Cast : Ajay, Naveen Chandra, Chandini Chowdary 
Released Date : 2021
Duration : 1h 23min

အညွှန်း
အခက်အခဲတွေ့ချိန်မှာ ရှောင်ပြေးမသွားဘဲ သေအတူရှင်မကွာ လက်တွဲရင်ဆိုင်ဖြေရှင်းသွားတဲ့ ငယ်သူချင်းသုံးယောက်ရဲ့ နက်နဲလွန်းလှတဲ့ချစ်ခြင်းမေတ္တာတရားကို ပေါ်လွင်အောင်ဖန်တီးပုံဖော်ထားတဲ့အတွက် အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြိုက်နှစ်သက်ကြမယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာပေးထားတဲ့ message လေးကတော့ လောင်းကစားလုပ်လို့ဘဲဖြစ်ဖြစ်၊တစ်နည်းနည်းနဲ့ လွယ်လွယ်ရတဲ့ပိုက်ဆံဟာ ဘယ်တော့မှမမြဲဘူးဆိုတာနဲ့ စစ်မှန်တဲ့မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေဟာ ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် ရှောင်ခွာမသွားဘဲ အေးအတူပူအမျှ ကိုယ့်အနားမှာရှိနေပေးတယ်၊ အားပေးတတ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ကာစီရယ် ဗာစူနဲ့ မာဒူတို့ဟာ အရမ်းကိုချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပါတယ် ။ မာဒူဟာ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လဲ သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ မရှိအတူ ရှိအတူ ဝေမျှစားသောက်တတ်တဲ့ အရမ်းကိုသူငယ်ချင်းကောင်းပီသတဲ့ သူငယ်ချင်းမလေးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကာစီ့အတွက် စိတ်မကောင်းစရာသတင်းတစ်ခုရောက်လာပါတယ်။ သူ့မိဘတွေဆပ်စရာရှိတဲ့အကြွေးကို နှစ်လအတွင်းဆပ်ဖို့ မဆပ်နိုင်ရင် အိမ်ကိုသိမ်းမယ်လို့ ပြောလာတဲ့အချိန်မှာတော့ သူငယ်ချင်းသုံးယောက် ခေါင်းချင်းဆိုင်တိုင်ပင်ကြပါတော့တယ်။
ကာစီဟာ ဒီလောက်များတဲ့ပိုက်ဆံအလွယ်တကူရနိုင်ဖို့အတွက် ခရစ်ကတ်လောင်းကစားလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူငယ်ချင်းနှစ်ယောက်လည်း ဝိုင်းတားကြပေမယ့် တားမရတဲ့အဆုံး သူတို့ပါပါဝင်ကူညီလိုက်ကြပါတော့တယ်။ ကံကောင်းချင်တော့ ရက်အနည်းငယ်ကစားလို့အပြီးမှာ ရူပီးသိန်းတစ်ရာ့ခုနှစ်ဆယ် အနိုင်ရရှိသွားပါတယ်။ ပြဿနာကဒီမှာစတော့တာပါဘဲ။ အဲ့ဒီလောက်ငွေပမာဏာကို ဒိုင်ကတစ်ယောက်တည်းမဖြေရှင်းနိုင်တဲ့အခါမှာတော့ တစ်ခြားဒိုင်တွေရဲ့အကူအညီကိုယူရပါတော့တယ်။ သူငယ်ချင်းသုံးယောက် ပိုက်ဆံတွေသွားယူကြရင်း ဘယ်လိုမထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမလဲ ၊ ကံကောင်းထောက်မလို့ အဖမ်းမခံခဲ့ရပေမယ့်လဲ သူတို့ပိုက်ဆံတွေကိုရဖို့ ဘယ်လောက်ခက်ခက်ခဲခဲကြိုးစားကြမလဲ၊ ဘာတွေဆက်ဖြစ်ပြီးဘယ်လိုအဆုံးသတ်ကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ဆက်လက်ကြည့်ရှုပေးပါဦး ပရိသတ်ကြီးရေ.....

0 comments:

Post a Comment