Romance Doll (2020)


 

Rating : 6.3/10
Country : Japan
Genre : Romance, Drama, Adult
Cast : Yû Aoi, Issey Takahashi, Kenta Hamano
Released Date : 2020
Duration : 1h 48min

အညွှန်း
၁၈ယောက်စုကြည့်ရတဲ့ကားပါလို့ ကြိုပြောထားပါမယ်Netflix ကရိုက်ထားတဲ့ကားကောင်းလေးပါသရုပ်ဆောင်အများကြီးမပါပေမယ့်နွေးထွေးတဲ့ဆက်ဆံရေးအများကြီးကို
ရှင်းရှင်းလင်းလင်းကိုရိုက်ပြထားပြီး သရုပ်ဆောင်တွေအကုန်လုံးကလည်းchemistery မိလှပါတယ်…..

ဇာတ်လမ်းအကျဉ်းပြောရရင်တော့လူကြီးအရုပ်တွေလုပ်ရတဲ့ကောင်လေးနဲ့ အဝတ်ဗလာမော်ဒယ်လ်ထိုင်ပေးတဲ့ကောင်မလေးတစ်ယောက်တို့အကြောင်းပေါ့…ပထမတွေ့တဲ့အကြိမ်မှာပဲရင်သားတွေအကိုင်ခံလိုက်ရလို့ချစ်သွားတဲ့ကောင်မလေးနဲ့ရှက်ရှက်နဲ့ကိုင်လိုက်ပြီး တစ်ခါတည်းနဲ့ကိုတန်းချစ်သွားတဲ့ကောင်လေးတို့ဟာအချင်းချင်းအမေးအမြန်းတွေသိပ်လုပ်မနေပဲလက်ထပ်လိုက်ကြပါတယ်

ချစ်ခြင်းတွေနဲ့ပဲတည်ဆောက်ထားတဲ့နှစ်ယောက်တည်းကမ္ဘာလေးကလျှို့ဝှက်ချက်တွေမပေါ်လာခင်အထိတော့သာယာနေခဲ့တာပေါ့ယောင်္ကျားတွေက ဘယ်လိုပဲချစ်လို့ယူထားယူထားအခြားက စနှိုက်တွေရောက်လာတဲ့အခါခဏလောက်ဖြစ်ဖြစ် ယိမ်းယိုင်တတ်တဲ့စိတ်ကိုလည်းမြင်လိုက်ရပါသေးတယ်( ရှင်တို့ယောင်္ကျားတွေကောင်းကိုမကောင်းဘူး )ဆိုတော့ သာယာကြည်နူးဖွယ်ကောင်းသော ဝမ်းနည်းဖွယ်ကောင်းသောပျော်ရွှင်ဖွယ်ကောင်းသော အခန်းတိုင်းက ခံစားချက်အမျိုးမျိုးကိုရစေပါတယ်ချစ်ခြင်းတရားဟာ အဘယ်ကဲ့သို့ဆန်းကြယ်ကြောင်းတွေရောကိုအပြင်လောကမှာကြုံတွေ့ရသလို သဘာဝကျကျလေးရိုက်ကူးထားတာမို့လို့စီးမြောခံစားရတာ သက်တောင့်သက်သာရှိလှပါတယ်( ရည်းစားမရှိတဲ့သူတွေကတော့ ရုပ်ရှင်ကိုရုပ်ရှင်လိုပဲကြည့်ပေါ့ )ဇာတ်လမ်လေးကောင်းရုံတင်မကအပိုဆုအနေနဲ့ မင်းသမီးလေးကလည်းအသားအရည်ရဲ့ဝင်းလဲ့နေမှု မျက်နှာလေးရဲ့ လှပနေမှုဆိုသလိုတော်တော်လေးလှပါတယ်ပြီးတော့ ၂၀၀၈တုန်းက အကောင်းဆုံးဇာတ်ပို့ဆုရထားတာမို့ သရုပ်ဆောင်တာကတော့သိပ်ညွှန်းမနေတော့ဘူးနော် )မင်းသားကလည်း ယောင်္ကျားဆန်ဆန်ပုံစံနဲ့ သရုပ်ဆောင်တာလည်းကောင်းတာမို့လို့ကြည့်ဖို့ပေးလိုက်ရတဲ့အချိန်အတွက် နောင်တရစရာမရှိပါဘူး

0 comments:

Post a Comment