Krack (2021)


 

Rating : 7.1/10
Country : India
Genre : Action, Thriller 
Cast : Ravi Teja, Shruti Haasan, Samuthirakani
Released Date : 2021
Duration : 2h 34min

အညွှန်း
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကိုကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
​ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။

0 comments:

Post a Comment