What Happened to Mr Cha? (2021)


 

Rating : 4.7/10
Country : Korea
Genre : Comedy, Drama
Cast : In-Pyo Cha, Jae-Ryong Song
Released Date : 2021
Duration : 1h 42min

အညွှန်း
K dramaဖန်တွေအတွက် mydrama listမှာလဲ popularityဖြစ်‌ေနပြီး 2021ဇန်နဝါရီလမှာထွက်ခဲ့တဲ့ အသစ်စက်စက်Comedyကားလေးကို တင်ဆက်ပေးလိုက်ပါတယ်….ရုပ်ရှင်လောကတို့ အနုပညာတို့လောကတို့မှာ
စန်းဆိုတဲ့ အသုံးအနှုန်းက လူသုံးများတော့ ရင်းနှီးပြီးသားဖြစ်မှာပါ….တချို့သရုပ်ဆောင်တွေ ရုပ်လဲသိပ်မချော သရုပ်ဆောင်ပိုင်းလဲမကောင်းပဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ စန်းနဲ့ပေါက်သွားကြတာလဲ ကြားဖူးကြမှာပေါ့။။။ဒီဇာတ်လမ်းကလဲ အဲ့စန်းပေါ်ပဲ ဟာသဆန်ဆန်အခြေခံရိုက်ကူးထားပြီး  Fluဇာတ်ကားထဲမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့မင်းသား Cha-In Pyoရဲ့သဘာ၀ကျကျ သရုပ်ဆောင်ဟန်ပန်တွေနဲ့ ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်ထားပါတယ်.ဇာတ်လမ်းအကျဉ်းကတော့အောင်မြင်တဲ့အခါတုန်းကတော့ဂုဏ်ပုဒ်တွေအများကြီးနဲ့ကျော်ကြားနေခဲ့ပြီးစန်းကျသွားတဲ့အခါ ကိုယ့်ထက်အောင်မြင်တဲ့သူတွေနဲ့အမှီလိုက်ဖို့ကြိုးစားနေရတဲ့မင်းသားကြီးတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါပြန်လည်အောင်မြင်ဖို့မျှော်လင့်ချက်လေးနဲ့ပျော်ရွှင်နေတဲ့အချိန်မှာ မထင်မှတ်တဲ့ မတော်တဆမှုကြောင့် ရေချိုးနေတုန်း အ၀တ်ဗလာနဲ့ အဆောက်အအုံပြိုကျတဲ့ထဲပါသွားပြီး ဘယ်လိုတွေ လွဲချော်ကုန်တယ်ဆိုတာ ဟာသဆန်ဆန် ခွီရအောင် ရိုက်ကူးပြသထားတဲ့အပြင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ တကယ်လက်တွေ့ ဘ၀ပုံစံကိုပါဖော်ပြထားတာကြောင့် အချိန်ကုန်ရကျိုးနပ်စေမယ့် ရုပ်ရှင်ကားတကားမလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါရစေ

0 comments:

Post a Comment