Valley Girl (1983)


 

Rating : 6.4/10
Country : United State
Genre : Comedy, Romance 
Cast : Nicolas Cage, Deborah Foreman, Elizabeth Daily 
Released Date : 1983
Duration : 1h 39min

အညွှန်း
ဟောလိဝုဒ်ရဲ့ ၁၉၈၀ ပြည့်နှစ်တွေဘက်ဆီလည်ပြန်ကြည့်လိုက်မယ်ဆို တစ်မျိုးတမည်လေးခံစားရမှာတော့သေချာ‌ပေါက်ပဲဗျ။ခေတ်တစ်ခေတ်ရဲ့ချစ်စရာအဖြစ်လေးတွေနဲ့မမေ့နိုင်စရာကိစ္စလေးတွေပြည့်နှက်ခဲ့တဲ့အ‌ကြောင်းတွေပြောရမယ်ဆို ၁၉၈၀ကျော်ခုနှစ်တွေကမပါမဖြစ်ပါပဲ။နီကိုလက်ကေ့ခ်ျမင်းသားကြီးရဲ့ ငယ်ရုပ်ချောချောကို တွေ့ရမယ့်အပြင်ခေတ်ဟောင်းဟောလိဝုဒ်သီချင်းတွေကိုခံစားလို ခေတ်ဟောင်းအငွေ့အသက်ကိုရလိုသူတွေအတွက်ကြည့်ကိုကြည့်သင့်တဲ့ ခေတ်ဟောင်းဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားလေးကတော့ ၁၉၈၃ ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Valley Girl ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့…ဂျူလီဟာ ဟောလိဝုဒ်နဲ့ကပ်လျက်ဘယ်လီမြို့လေးကမိန်းမလှလေးတစ်ယောက်ဖြစ်ပြီးတော့ရန်ဒီကတော့ဟောလိဝုဒ်က ကောင်ဆိုးလေးတစ်ယောက်ပါ။ဘရက်ဆိုတဲ့ရည်းစားရှိပြီးသားဖြစ်တဲ့ ဂျူလီလေးနဲ့ ကောင်ဆိုးလေး ရန်ဒီတော့ဘယ်လိုပက်သက်မိကြမယ်သူတို့သုံးယောက်ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းကဘယ်လိုတွေဖြစ်လာမယ်ဆိုတာကို၁၉၈၀ ကျော်တုန်းက ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ဒီဇာတ်ကားလေးကိုပြန်လှည်ခံစားရင်း၁၉၈၀ ကျော်နှစ်တွေဆီပြန်လည်လွမ်းဆွတ်ကြည့်ကြရအောင်လားဗျာ။

0 comments:

Post a Comment