Commando (1985)


 

Rating : 6.7/10
Country : United State
Genre : Action, Adventure, Thriller 
Cast : Arnold Schwarzenegger, Rae Dawn Chong, Dan Hedaya
Released Date : 1985
Duration : 1h 30min

အညွှန်း
တာဝန်တွေကနေ အနားယူပြီး အေးအေးဆေးဆေးနေနေတဲ့ စစ်သားဟောင်းတစ်ယောက်
.
အာဏာရရင်ပြီးရော ဘာမဆိုလုပ်မယ့်သူတွေ
အတိတ်ကလူတွေက အတိတ်မှာမနေခဲ့ဘဲ အနာဂတ်အထိလိုက်လာတဲ့အခါ…
.
ဒီနေ့မှာ 1985 လောက်ကထွက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
အကယ်၍ သင်က ဇာတ်ကားဆို ကြမ်းကြမ်းတမ်းတမ်းမှကြိုက်တယ်ဆိုတဲ့သူဆိုရင်
နောက်မှာဘာဖြစ်မလဲဆိုတာကို အကြမ်းဖျင်းခန့်မှန်းမိနေတာကိုတောင်
အခုမှာ ရင်တမမနဲ့ စိတ်လှုပ်တရှားကြည့်နေရတဲ့ဖီလင်ကို ကြိုက်တယ်ဆိုရင်ဪ ဒါနဲ့ နောက်ပြီး တခုကျန်သေးတယ်
သင်က မင်းသားကြီး Arnold Schwarzenegger ရဲ့ပရိတ်သတ်ဆိုရင်
ဒီဇာတ်ကားကိုကြည့်ကြည့်သင့်ပါတယ်။
တစ်ကားလုံး Fight Scene စိတ်လှုပ်ရှားဖွယ်ရင်တထိတ်ထိတ်နဲ့ ဘယ်လိုများဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်နေရတာက တကယ်ကိုမိုက်တဲ့ Feeling ပါ။ဇာတ်လမ်းကို အနည်းငယ်ပြောပြရမယ်ဆိုရင်တော့မင်းသားကြီး Arnold ဟာ John Matrix အမည်ရှိ အနားယူထားတဲ့စစ်သားတစ်ယောက်ပါ။
အရင်က ဘယ်လိုကိစ္စတွေဖြစ်ခဲ့တယ်လို့တော့ ဖော်ပြမထားပါဘူး။ ဇာတ်ကားအစ တစ်နေ့မှာ သမီးနဲ့အတူ လူတွေနဲ့ဝေးတဲ့နေရာမှာ ဇာတ်မြှုပ်နေတဲ့ John ရဲ့ အိမ်ကို Helicopter တစ်စီးရောက်လာပါတယ်။ အရင်က John ရဲ့ အထက်လူကြီးဖြစ်ခဲ့တဲ့ General Kirby က John ဆီကိုလာရောက်ကာ John ရဲ့ အရင်က Team ကလူတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အကြောင်းလာပြောပါတယ်။ John ဆီကိုလဲ မကြာခင်ရောက်လာကြတော့မှာဖြစ်လို့ တခုခုဖြစ်လာရင် ကာကွယ်နိုင်အောင် လက်နက်ကိုင်အစောင့်နှစ်ယောက် ထားခဲ့ပါတယ်။General ပြန်သွားပြီး မကြာခင် တဆက်တည်းမှာပဲ John ဟာ အမည်မသိကြေးစားတပ်ဖွဲ့တစ်ခုရဲ့ ဝိုင်းဝန်းပစ်ခတ်ခြင်းကိုခံရပါတယ်။ ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ သူ့ရဲ့သမီးကို ကြေးစားတပ်ဖွဲ့က ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်။ အဲ့အချိန်မှာ John လည်းပဲ ကားကိုတောင်ပေါ်ကနေ လှိမ့်ချပြီးလိုက်ပါတော့တယ်။ နောက်ဆုံးမီသွားတဲ့အခါမှာ လူအင်အားမမျှတာကြောင့် John ကိုအမှောက်သိပ်ပြီး ခေါ်သွားပါတော့တယ်….John သတိရလာတဲ့အချိန်မှာ သူ့ကို ပက်လက်အနေအထားနဲ့ချုပ်ထားတာကို ခံစားရပြီး အမြင်အာရုံမှာ သူ့ရဲ့အဖွဲ့ထဲက Bennet ကိုမြင်နေရပါတယ်။ သတိကပ်ပြီး သေချာကြည့်လိုက်တဲ့အချိန်မှာ သူရဲ့အရင်က လုပ်ဖော်ကိုင်ဖက်တပ်ဖွဲ့ဝင်တွေနဲ့အတူ အခြားသူမသိတဲ့လူတစ်ယောက်ကိုပါတွေ့လိုက်ရပါတယ်။ အဲ့ဒီလူဟာ Arius လို့ခေါ်ပြီး အာဏာသိမ်းချင်နေတဲ့သူတစ်ယောက်ပါ။ ဒါ့ကြောင့် သူအာဏာရဖို့အတွက် John ကို
အသုံးချချင်နေတာပါ။ဒါ့ကြောင့်ပဲ John ကို Val Verde ရဲ့ လက်ရှိသမ္မတကို လုပ်ကြံပေးရမယ်ဆိုပြီး ခိုင်းစေပါတော့တယ်။ အခြားရွေးချယ်စရာမရှိတဲ့ John ဟာ Arius ရဲ့ ခိုင်းစေမှုကိုလိုက်နာရပါတော့တယ်။ ပထမဆုံးသူတို့အခုရောက်နေတဲ့နေရာဟာ Val Verde မှာမဟုတ်တာကြောင့် Val Verde ကိုပြန်ဖို့ လေယာဉ်စီးရပါတယ်။ လမ်းခရီးတလျှောက်မှာ John ကိုစောင့်ကြည့်ဖို့ လူတစ်ယောက်လည်းထည့်လိုက်ပါသေးတယ်။ဒီအခြေအနေမှာ မင်းသားကြီး Arnold တစ်ဖြစ်လဲ John Matrix ဟာ ပြန်ပေးဆွဲသူရဲ့ ခိုင်းစေမှုကိုပဲလိုက်နာပြီး သမ္မတကိုလုပ်ကြံမလား ? သူ့သမီးကိုပြန်ရဖို့ ကြိုးပမ်းမလား ? သူ့သမီးကိုပြန်ရဖို့ကြိုးစားမယ်ဆိုရင်လဲ အများနဲ့တစ်ယောက်ဖြစ်တာမို့ သူ့အနေနဲ့ ဘယ်လိုမျိုး အစီအစဉ်နဲ့လက်တုံ့ပြန်မလဲ ?

0 comments:

Post a Comment