Bhoomi (2021)


 

Rating : 4.5/10
Country : India
Genre : Action, Drama
Cast : Jayam Ravi, Nidhhi Agerwal, Rnr Mahonar
Released Date : 2021
Duration : 2h 8min

အညွှန်း
ဒီဇာတ်ကားထဲမှာတော့ဘွန်မိနေသန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းက သိပ္ပံပညာကိုစိတ်ဝင်စားပြီး
စူးစမ်းလေ့လာလိုစိတ်ရှိတဲ့ကောင်လေးတစ်ယောက်ပါ ကြီးလာတဲ့အခါမှာလည်း နာဆာမှာအရမ်းကိုထူးချွန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပါတယ်
နာဆာမှာသူ့ရဲ့တာဝန်က မားစ်ဂြိုလ်မှာလူတွေနေနိုင်အောင် စူးစမ်းလေ့လာရတဲ့သူပါ
ဒီလိုအရမ်းထူးချွန်တဲ့ ကောင်လေးတစ်ယောက်မှာ သူအားကျရတဲ့ပုဂ္ဂိုလ် တစ်ယောက်ရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်ဟာ အိုင်းစတိုင်းလို အရမ်းထူးချွန်တဲ့လူလည်းမဟုတ်ပါဘူး
သူကဗယ်လူဆာမီဆိုတဲ့လယ်လုပ်တဲ့လူတစ်ယောက်ပဲ ဖြစ်ပါတယ် အဲဒါကြောင့်သူဟာလယ်သမားတွေ
လယ်လုပ်ငန်းတွေကို အရမ်းလေးစားပြီး ချစ်မြတ်နိုးသူဖြစ်ပါတယ်တစ်ရက်မှာတော့ သူဟာခွင့်တစ်ပတ်ရပြီး သူ့အမေနဲ့အတူ သူ့ရဲ့မွေးရပ်မြေကို
အလည်သွားပါတော့တယ် အဲ့ဒီကိုရောက်တော့သူမြတ်နိုးရတဲ့
လယ်လုပ်ငန်းတွေဟာ မဖြစ်ထွန်းဘဲရေတွေခမ်းခြောက် လယ်တွေခြောက်ကပ် သီးနှံတွေမဖြစ်ထွန်းဘဲဖြစ်နေတာကို
တွေ့လိုက်ရပါတော့တယ် အဲ့ဒါနဲ့ဘွန်မိနေသန်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက် သူမြတ်နိုးတဲ့ လယ်သမားတွေ လယ်လုပ်ငန်းတွေကို
အဆင်ပြေအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်

0 comments:

Post a Comment