Rating : 7.9/10
Country : Korea
Genre : Comedy, Drama
Cast : Jung Woo,Oh Dal Soo, Jo Hyun Chul
Released Date : 2020
Duration : 2h 10min
Country : Korea
Genre : Comedy, Drama
Cast : Jung Woo,Oh Dal Soo, Jo Hyun Chul
Released Date : 2020
Duration : 2h 10min
အညွှန်း
နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ Lee Eui Shik ဟာ ကိုရီးယားနိုင်ငံရဲ့ လူတွေမသိစေချင်တဲ့ ဘက်ဂျက်လည်ပတ်ပုံတွေကိုဖွင့်ချခဲ့တယ်…..တခြားနိုင်ငံမှာနေတုန်းဒီလိုလုပ်ခဲ့ပေမဲ့ ရွေးကောက်ပွဲနီးတော့ ကိုးရီးယားနိုင်ငံကိုပြန်လာခဲ့တယ်….
တကယ်တော့ သူ့ကိုထောက်ခံတဲ့ကိုရီးယားပြည်သူတွေလည်း အရမ်းများခဲ့တာကိုး…..
လေဆိပ်ကိုရောက်လို့ အထုပ်တောင်မရွေးရသေးခင် ထောက်လှမ်းရေးအဖွဲ့က တစ်ခါထဲဆွဲကုတ်သွားတယ်….အစိုးရပိုင်းက လူကြီးအချို့ဟာ Lee Eui Shik ကိုရွေးကောက်ပွဲမှမပါစေချင်ဘူး..အန္တရယ်များတဲ့လူအဖြစ်သတ်မှတ်ထားပြီးသူ့ကိုထောက်ခံတဲ့သူတွေများပြားလှတဲ့အပြင် မီဒီယာနဲ့ ဆန္ဒပြတဲ့သူတွေကြောင့်ရွေးကောက်ပွဲမှာ မပါအောင်လုပ်ဖို့အကြတ်ရိုက်နေတယ်…ဒါ့ကြောင့် နေအိမ်မှာ ခဏတာအချုပ်ချပြီး ကွန်မြူနစ်ကောင်အဖြစ်အကွက်ဆင်ဖို့ကြံစည်တော့တယ်..အဲ့ဒီလိုအနီးကပ်အကွက်ဆင်ဖို့ စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ကိုတာဝန်ပေးပြီးစေခိုင်းပါတော့တယ်…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး….ဒီကားပိုစတာကြည့်ပြီးတော့ မကောင်းဘူးလို့မထင်လိုက်နဲ့ဉီး.ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေပါသလိုအစမှအဆုံးထိစိတ်ဝင်စားစရာကောင်းလှတယ်…ပြီးတော့ စတေးခံတွေက ဘယ်သူလဲ…ဘယ်သူကရောမှန်နေတာလဲ..အမှန်တရားဆိုကရောဘာလဲ…မှန်တယ်လို့ထင်တဲ့အရာတွေကရော တကယ်တမ်းလက်တွေ့မှာအနိုင်ရပါ့မလား…ကြည့်လိုက်ကြပါ,….
0 comments:
Post a Comment