Rating : 7.0/10
Country : China
Genre : Romance, Crime, Drama
Cast : Andy Lau, Maggie Cheung, Jacky Cheung
Released Date : 1988
Duration : 1h 42min
Country : China
Genre : Romance, Crime, Drama
Cast : Andy Lau, Maggie Cheung, Jacky Cheung
Released Date : 1988
Duration : 1h 42min
အညွှန်း
ပလေတိုကြီးပြောပြီး အနုပညာသမား
အတော်များများလက်မခံနိုင်ကြတဲ့
စကားတစ်ခုကြားဖူးတယ် မို့လား။
Art Is Immitation.
အနုပညာဆိုတာ ပုံတူကူးခြင်းတဲ့။
ကျွန်တော်တော့ လက်ခံတယ်။
အနည်းဆုံးတော့ ကိုယ့်ခံစားချက်ကိုကိုယ်
ပုံတူကူးမှပဲ အနုပညာကထွက်လာမှာ
မဟုတ်လား။ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ထဲက ဂိုဏ်းစတားဇာတ်ကောင်ဟာ မာတင် စကောဆေးစိရဲ့ Mean Streets ထဲက ဒီနီးရိုးရဲ့ဇာတ်ကောင်ကို အခြေခံထားတယ်လို့ ဆိုတယ်။
နောက်တစ်ခုသူ့ကိုလွှမ်းမိုးမှုရှိတာကတော့ နိုက်ကလပ်မန်နေဂျာသူ့အဖေတဲ့။
ဒီလောက်ဆို ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မှန်းလို့ရပြီမို့လား။
ညတွေ ၊ ဂိုဏ်းစတားတွေ၊ သေနတ်တွေနဲ့ ဒီရုပ်ရှင်ကို ကျွန်တော်သာဆို Crime,Dramaလို့သတ်မှတ်ချင်ပေမဲ့ ဘာကြောင့်လဲတော့မသိ ဝေါင်ရဲ့ကားအများစုလိုပဲ ROMANCE,Dramaဆိုပြီးပဲ သတ်မှတ်ထားတယ်။
ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ကားပေမဲ့ ဒီရုပ်ရှင်ထွက်ပြီးတဲ့ နှစ်ပေါင်းသုံးဆယ်နောက်ပိုင်းမှာတောင် ဒီရုပ်ရှင်အကြောင်းကို ဝေဖန်သမားတွေ တစ်ခုတ်တရပြောရတဲ့အထိကို အောင်မြင်ခဲ့တယ်။
သူ့ဇာတ်ကောင်ဟာ မာတင်စကောဆေးစိရဲ့ ဇာတ်ကောင်ကို အခြေခံထားပေမဲ့ မာတင်စကောဆေးစိရဲ့ Gang Of Newyorkမှာ ဒီရုပ်ရှင်ရဲ့ Battle Sceneကို ပြန်မှီးသုံးရတဲ့အထိ ပေါက်ရောက်ခဲ့တယ်။
“The imitator becomes the imitated.”လို့ သူ့ကို ဆိုကြရတဲ့အထိပေါက်ရောက်ခဲ့တယ်။ကျွန်တော်တော့ ဝေါင်ကာဝေးရဲ့ နှောင်းပိုင်းလက်ရာတွေကို အရင်စကြည့်မိခဲ့လို့ ဝေါင်ကာဝေးဆန်တယ်လို့ခံစားရတဲ့နေရာ မရှိသလောက်ရှားတယ်။
ပသို့ပဲဆိုဆို ဂိုဏ်းကားအနေနဲ့ရော၊ ဟိုးအရင်ဟောင်ကောင်ကားဆန်ဆန်ကားအနေနဲ့ရောရုပ်ရှင်ကောင်းတစ်ကားဆိုတာ အသေအချာပါ။
As tears Go byဟာ ဝေါင်ကာဝေးသိပ်မဆန်ပေမဲ့ ဝေါင်ကာဝေးရုပ်ရှင်တွေအကြောင်းပြောရင် ဖယ်ထားလို့မရတဲ့ သူရဲ့ပွဲဦးထွက် ရုပ်ရှင်ပါပဲ။

0 comments:
Post a Comment