Rating : 7.1/10
Country : China
Genre : Romance
Cast : Jean-François Blanchard, Akira Chen, Edward Chen
Released Date : 2020
Duration : 1h 58min
Country : China
Genre : Romance
Cast : Jean-François Blanchard, Akira Chen, Edward Chen
Released Date : 2020
Duration : 1h 58min
အညွှန်း
BLကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ( Dec 23 ) မနေ့ကမှ ထွက်ထားတဲ့ အရမ်းရိုဆန်တဲ့ ကားလေး လာပါပြီနော်
ဒီကားလေးကတော့ ၁၉၈၇ခုနှစ် ထိုင်ဝမ်မှာ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ခါစ ခေါတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။
ဒီဇာတ်ကား ဇာတ်အိမ်တည်တဲ့ ၁၉၈၇ခုနှစ်မှာဆိုရင် လက်ရှိကာလလို ပွင့်ပွင့်လင်းလင်း ရှိတဲ့အချိန်အခါမဟုတ်တာကြောင့် လိင်တူကြိုက်နှစ်သက်တာကို ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ် ။
အဲဒီတုန်းက လိင်တူကြိုက်တဲ့လူကို အထင်သေးစက်ဆုပ်စရာလို့ မြင်ခဲ့ကြပြီး သူတို့ဟာ အဖိနှိပ်ခံ အနိုင်ကျင့်ခံတွေ ဖြစ်ခဲ့ကြတာပါ ။ဇာတ်ကြောင်းလေးကတော့….စည်းကမ်းကြီးလှတဲ့ ယောကျာ်းလေး ခရစ်ယာန်ကျောင်းမှာ ဘတ်ဒီလို့ အများကခေါ်ကြတဲ့ကောင်လေးဟာ မကြာခဏဆိုသလို ကျောင်းစည်းကမ်း ဖောက်ဖျက်လေ့ရှိပါတယ်အဲ့ဒီလူဆိုးလေး ဘတ်ဒီ ကို ချန်ကျားဟန်ဆိုတဲ့ကောင်လေးက ဂရုစိုက်ပေးရင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းသံယောဇဉ်ထက်ပိုပြီးချစ်မိသွားကြတယ်အချစ်စစ်ဆိုတာ ဖြောင်းဖြူးရိုးထုံးစံမရှိဆိုသလိုမျိုးပဲလိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်လာရတဲ့အခါ
သူတို့နှစ်ယောက်ရဲ့ အချစ်က ဒီလိုအခက်အခဲတွေကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မလား ဆိုတာကို ဒီကားလေးကနေ ဆက်လက်ကြည့်လိုက်ကြရအောင်နော်…။
0 comments:
Post a Comment