Rating : 6.8/10
Country : Korea
Genre : Drama, Thriller
Cast : Kyung-gu Sol, Nam-ju Kim, Dong-won Gang
Released Date : 2007
Duration : 2h 2min
Country : Korea
Genre : Drama, Thriller
Cast : Kyung-gu Sol, Nam-ju Kim, Dong-won Gang
Released Date : 2007
Duration : 2h 2min
အညွှန်း
ကလေးငယ်တွေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ ကိစ္စဟာ တကယ်ကို စက်ဆုပ်ရွံရှာစရာလုပ်ရပ်ပါပဲ
နိူင်ငံရဲ့ အကောင်း အဆိုးသတင်းတွေကို နေ့စဉ်တငျဆကျနတေဲ့ အစီအစဉ် တငျဆကျသူတစျယောကျဟာ သူ့ရဲ့ သားလေးပြန်ပေးဆွဲခံရတဲ့ သတင်းကို သူကိုယ်တိုင် ပြန်ပြီးတင်ဆက်နေရလိမ့်မယ်လို့ တွေးခဲ့မိပါ့မလား ဟန်ယောင်းဘေဟာ ကျော်ကြားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ပါ သူ့မှာ ဇနီးချောချောလေးတစ်ယောက်နဲ့ ဟန်ဆန်ဝူးလို့ ခေါ်တဲ့ ဝဝတုတ်တုတ် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရှိပြီး စံပြနိူင်ငံသားအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ် ဒါပေမဲ့ လောဘသာကောင်း မကောင်းဆိုးဝါးတွေကတော့ လူမရွေးပါဘူး ဆန်ဝူးတစ်ယောက် ညနေခင်းတစ်ခုမှာ တိုက်အောက်မှာရှိတဲ့ ကစားကွင်းလေးမှာ ကစားနေရင်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ် အဲ့ဒီနောက် မှာတော့ ပြန်ပေးသမားက ဆက်သွယ်လာပြီး ဒေါ်လာတစ်သိန်းနဲ့အပေးအယူလုပ်ခဲ့ပါတယ် ပြန်ပေးသမားတို့ ထုံးစံအတို်င်းရဲတိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ဆန်ဝူးအမေက တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ပထမဆုံး အပေးအယူမဖြစ်ခဲ့ပါဘူး ပညာတတ်တွေ မိုက်မဲရင် ကြောက်စရာကောင်းတယ်ဆိုတာ အမှန်ပါပဲ ပြန်ပေးသမားရဲ့ ပညာရှိရှိကလိမ်ကကျစ်ဗျူဟာတွေကြောင့် ရဲတပ်ဖွဲ့ပါအကျပ်ရိုက်ခဲ့ရတာပါ ဟန်ယောင်းဘေ ကတော့ သူ့သားလေးကိုပြန်ရဖို့အတွက် အရာရာအားလုံးပေးဖို့ အသင့်ဖြစ်နေခဲ့ပေမဲ့ ပြန်ပေးသမားကတော့ ငွေဆက်ညစ်နေဆဲပါပဲ သဲလွန်စတောင်ရှာမရတဲ့ တရားခံကို ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုများကိုင်တွယ်မလဲ ရှင်လျက်သေနေရတဲ့ မိဘနှစ်ယောက်ရဲ့ ပူဆွေးမှုတွေကလည်း အတိုင်းမသိပါပဲ ဒီလို အခက်အခဲတွေနဲ့ လေးဆယ့်လေးရက်တာခရီးမှာ ဆန်ဝူးတစ်ယောက်အိမ်ပြန်လာနူိင်ပါ့မလား သူတို့ မိသားစုလေးပြန်ဆုံစည်းနိူင်ပါ့မလား ရင်တမမ နဲ့ ကြည့်ရမယ့် ဇာတ်ကားလေးတစ်ပုဒ်ပါ ပိုပြီးအသက်ဝင်စေတာကတော့ ဒီဇာတ်ကားဟာ ၁၉၉၁ ခုနှစ်က ဖြစ်ရပ်မှန်တစ်ခု ရိုက်ကူးပုံဖော်ထားတာကြောင့်ပဲဖြစ်ပါတယ် ရှုစားပေးကြပါ…….

0 comments:
Post a Comment