Rating : 6.6/10
Country : United State
Genre : Action
Cast : Shane Graham, Ludacris, Sasha Alexander
Released Date : 2018
Duration : 1h 38min
Country : United State
Genre : Action
Cast : Shane Graham, Ludacris, Sasha Alexander
Released Date : 2018
Duration : 1h 38min
အညွှန်း
2018 ပေမယ့် 13 November 2020 (USA) မှထွက်လာတဲ့ ဇာတ်ကားကောင်းလေးပါ။
ဒီဇာတ်ကားလေးကတော့ BMX စက်ဘီးစီးဖို့ စိတ်ဝင်စားတဲ့သူတွေနဲ့ ရသခံစားချင်သူတွေ ကြည့်သင့်တဲ့ IMDb 6.6 ရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ငယ်စဥ်ကတည်းက လူငယ်ထိန်းသိမ်းရေးကျောင်းသို့ရောက်ခဲ့ရတဲ့ ဂျွန်မက်ကော့ဟာ ကျောင်းမှလူမည်းကလေးများနှိပ်စက်တာကို အလူးအလဲခံခဲ့ရရှာပါတယ်။ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာ သူ့ကိုမွေးစားဖို့လာကြည့်ကြတဲ့မိဘတွေမှာယောက်ျားဖြစ်သူ အယ်လ်ဒရစ်ဂျ် (Ludacris) က လူမည်းတစ်ယောက်ဖြစ်နေလို့သူစိတ်ညစ်ခဲ့ရပါတယ်။ လူငယ်ထိန်းသိမ်းရေးကျောင်းမှစွန့်ခွာနိုင်မယ့် အခွင့်အရေးကိုလက်လွှတ်မခံနိုင်လို့သာ သူဟာလိုက်သွားဖြစ်ပေမယ့် စိတ်ထဲတော့သိပ်မကြည်လှပါဘူး။ဂျစ်ကန်ကန်နိုင်တဲ့ ဂျွန့်ကို အယ်လ်ဒရစ်ဂျ်တစ်ယောက် နည်းလမ်းမျိုးစုံနဲ့ ရင်းနှီးမှုရယူဖို့ကြိုးစားရာမှ သူစိတ်ဝင်စားနေတဲ့ BMX စက်ဘီးလေးဝယ်ပေးပြီး စက်ဘီးစီးသင်ပေးရာက မိသားစုတွင်းအဆင်ပြေသွားပါတယ်။ BMX ကို ဝါသနာအရ လေ့လာပြီး စီးကြည့်ရာကနေ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားအားထုတ်မှုတွေနဲ့ သူ့ရဲ့စတန့်ကွတ်လှလှလေးတွေကို ခံစားကြည့်ရှုရမှာဖြစ်ပြီးတော့ မိသားစုဆိုတဲ့နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ရသကို အပြည့်အဝခံစားရပြီး Heart ထိစေမှာမို့ လက်မလွှတ်သင့်ဘူးနော် . . .ဒီဇာတ်လမ်းမှာ မင်းသားတွေ အနေနဲ့ အားလုံးသိထားပြီးသားဖြစ်တဲ့ Ludacris နဲ့ Shane Graham တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
0 comments:
Post a Comment