The Crush (1993)


 

Rating : 5.9/10
Country : United State
Genre : Drama, Thriller 
Cast : Cary Elwes, Alicia Silverstone, Jennifer Rubin 
Released Date : 1993
Duration : 1h 29min

အညွှန်
လူတိုင်း ဘဝမှာ တခါတော့ ကိုယ်သိပ်သဘောကျရတဲ့ လူတစ်ဦးတစ်ယောက်တော့
ရှိခဲ့ဖူးမှာပါ ဒါမှမဟုတ် ရှိလာမှာပါ. ဒီဇာတ်လမ်းလေးမှာလဲ ၁၄နှစ်အရွယ် မိန်းကလေးတစ်ယောက်ကသူသိပ် သဘောကျရတဲ့ ယောကျာ်းတစ်ယောက်ကို ချဉ်းကပ်ပြီး သူ့အချစ်ကိုရအောင်ကြိုးစားထားတာကို ရိုက်ကူးတင်ပြထားတာပါ. ဇာတ်လမ်းဟာ ရိုးရှင်းတဲ့ အချစ်ကားတစ်ကားတော့မဟုတ်ပါဘူး. အပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ရဲ့ ယောကျာ်းပျိုတစ်ယောက်ကိုပိုင်ဆိုင်လိုစိတ်တွေရဲ့ ချစ်ခင်သဘောကျခြင်းတွေရဲ့ နောက်ကွယ်က ကြိုးစားမှုတွေအစွန်းရောက်သွားပုံကို ထိတ်လန့်ခြောက်ခြားဖွယ် ကြည့်ရှူရမယ့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ပါ.ဇာတ်လမ်းလေးရဲ့ အစမှာတော့ နစ်ကိုးလတ်အယ်လီယက်ဆိုတဲ့သတင်းထောက်ဟာ အခုမှမြို့ကိုပြောင်းလာတဲ့သူတစ်ယောက်ဖြစ်ပြီးမြို့မှာနေဖို့ အိမ်တစ်အိမ် ငှါးလိုက်ပါတယ် အိမ်ပိုင်ရှင်မှာ ၁၄ နှစ်အရွယ် အေဒရီယန်ဖော်ရက်စတာဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ် ဖြစ်ချင်တော့ အေဒရီယန်က နစ်ကို စိတ်ဝင်စားလာပြီးတော့နစ်ကို ပိုင်ဆိုင်ဖို့ နည်းမျိုးစုံ ကြိုးစားပါတော့တယ် သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားဖြစ်ပြီးဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်ကားဖြစ်လို့ ရင်တထိတ်ထိတ်ကြည့်ချင်တယ်ဆိုရင်တော့ဒီဇာတ်ကားကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်

0 comments:

Post a Comment