The American President (1995)


 

Rating : 6.8/10
Country : United State
Genre : Comedy, Drama, Romance
Cast : Michael Douglas, Annette Bening, Martin Sheen
Released Date : 1995
Duration : 1h 54min

အညွှန်း
အမေရိကန်ရဲ့ သမ္မတနည်းဥပဒေအကြောင်းကို ရိုက်ပြထားတာပါ။ IMDB 6.8 အထိရရှိထားပြီးတော့ နို၀င်ဘာ ၁၇ ရက်နေ့ ၁၉၉၅ ခုနစ်မှာထွက်ရှိခဲ့တာပါ။ တော်တော်တော့ကြာနေခဲ့ပါပြီ။ ဒါပေမယ့်အခုထက်ထိ ပရိတ်သတ်တွေရဲ့အာရုံကိုဖမ်းစားနေနိုင်တုန်းပါပဲ။ 1995 ဆိုတော့ ကျွန်တော်တို့တောင်မမွေးသေးပေမယ့် ရိုက်ချက်တွေက တစ်ကယ်ကြီးကို မိုက်ပါတယ်။ တစ်ကားလုံးမပျင်းရအောင် စကားအတော်ပြောနိုင်တဲ့ကားပါ။ ဟာသလေးတွေလည်းနှောထားပါတယ်။ ဆိုတော့ Comdey ကြီးသက်သက်လည်းမကြည့်ချင်ဘူး Romance ကြီးဖက်လည်းအရမ်းမသွားချင်ဘူးဆိုတဲ့ လူတွေအတွက် ကြည့်သင့်တဲ့ကားလေးတစ်ကားပါ။

ဇာတ်ကားလေးကတော့ အမေရိကန် သမ္မတ တစ်ယောက်နဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ရောက်ရှိလာတဲ့ ကောင်မလေးတို့ချစ်ကြိုက်မိတာကို ရိုက်ကူးထားတာပါ။ အမေရိကန် သမ္မတ ရှက်ပက်ဆိုတာက သမ္မတအလျောက် အရမ်းကို အလုပ်များပါတယ်။ ဒီလိုနဲ့တစ်ရက်မှာ ရွေးကောက်ပွဲပြင်ဆင်ဖို့အတွက် နေ့ရက်တွေနီးကပ်လာပါတယ်။ ဒီလိုနဲ့ ပါတီတိုင်းက ကိုယ်စားလှယ်လောင်းတွေ ဖော်ထုတ်ကြတာပေါ့။ ဒီလိုနဲ့ ဆန်နီ အီလန် ၀ိတ်ဒ် ဆိုတဲ့ ဘက်စုံတော်ကောင်မလေးတစ်ယောက်ကလည်း ကိုယ်စားလှယ်လောင်းတစ်ယောက်အဖြစ်နဲ့ အမေရိကန်ကိုပြောင်းလာရတာပေါ့။ ဒီလိုနဲ့ သူအလုပ်လုပ်နေတဲ့ သဘာ၀ပတ်၀န်းကျင်ကာကွယ်ရေး လုပ်ငန်းမှာ သမ္မတကြီးရဲ့အိမ်တော်အတွက် သူတို့ဆွေးနွေးဖို့အတွက် အချိန်ရောက်လာပါတယ်။ ဒါပေမယ့် အစက သမ္မတကြီးက အဲ့ဒီအစည်းအဝေးကို မတက်ရောက်ဖူးဆိုပြီး အေဂျေ ဆိုတဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ လက်ထောက်ကို ပြောလိုက်ပေမယ့် အေဂျေဆိုသူက အစည်းအ​​ဝေးကိုခဏလောက်တော့လာပါဦးဆိုပြီး ပြောခဲ့ပါတယ်။

ဒီလိုနဲ့နောက်နေ့ သမ္မတကြီးက အစည်းအဝေခန်းထဲကို၀င်သွားတော့ သမ္မတကြီးရောက်နေမှန်းမသိဘဲ သမ္မကြီးအတင်းတုပ်နေတဲ့ ဆန်နီ ကိုတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ ဆန်နီကို သူ့ရဲ့ သီးသန့်ရုံးခန်းကိုခေါ်ပြီးတော့ စကားပြောချိန်မှာပဲ သမ္မတကြီးရဲ့ အချစ်တွေစတင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သမ္မတကြီးက အေဂျေနဲ့တိုင်ပင်ပြီး ဆန်နီကို အိမ်ဖြူတော်ညစာစားပွဲဖိတ်လိုက်တဲ့အချိန်မှာ အားလုံးရဲ့စိတ်၀င်စားမှု ကိုရရှိသွားပြီး မဲအရေအတွက်ပြင်ဆင်ဖို့လိုအပ်နေချိန်မှာ အချစ်ကိုဥိးစားပေးမိတဲ့ သမ္မကြီး ကိုယ်စားလှယ်လောင်းတစ်ဖြစ်လှဲ သမ္မတချစ်သူတစ်ဖြစ်လှဲ ဘ၀ကိုရရှိလာတဲ့ ဆန်နီ… 1995 ခုနှစ်ပေမယ့် မီဒီယာတွေက ဘယ်လောက်ထိ တိုးပေါက်နေသလည်းဆိုတာကိုရော… အားလုံးကို စိတ်၀င်စားစရာကောင်းအောင် ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။

0 comments:

Post a Comment