Just Another Christmas (2020)


 

Rating : 6.6/10
Country : United State
Genre : Comedy
Cast : Arianne Botelho, Louise Cardoso, José Rubens Chachá
Released Date : 2020
Duration : 1h 40min

အညွှန်း
ဂျော့်ရှ်ဆိုတဲ့ အမျိုးသားက ခရစ္စမတ်ကို အရမ်းမုန်းတဲ့လူတစ်ယောက်ပါ။ ဘာကြောင့်မုန်းရသလဲဆိုတော့ သူကခရစ္စမတ်နေ့မှာ မွေးတဲ့သူတစ်ယောက်လေ ဒါကြောင့် သူ့မွေးနေ့တိုင်းကို ခရစ္စမတ်နဲ့ရောပြီး ကျင်းပခဲ့ရတယ်။ မွေးနေ့ကျင်းပပြန်တော့လည်း သူငယ်ချင်းတွေက မလာနိုင်တော့ သူခရစ္စမတ်ကို မုန်းတီးခဲ့တယ်။ဒါကြောင့်သူခရစ္စမတ်တိုင်း ပါတီပွဲမလုပ်တော့ပဲ သူ့လိုပဲ ခရစ္စမတ်ကို မုန်းတီးတဲ့ သူငယ်ချင်းတွေနဲ့ ခရီးတွေလျှောက်သွားနေခဲ့တယ်။

နောက်ပိုင်း သူလော်ရာဆိုတဲ့ ကောင်မလေးနဲ့တွေ့ အိမ်ထောင်ကျပြီး ကလေးတွေရတော့ ခရစ္စမတ်ပွဲက ဥပေက္ခာပြုထားလို့ မရတော့ဘူးလေ။ ဒါပေမယ့်လည်း ခရစ္စမတ်တိုင်းမှာ အလွဲတွေလုပ်ဆဲ မုန်းတီးဆဲပါပဲ။ တစ်ရက်မှာတော့ သူဘဝမှာအပြောင်းအလဲကြီးတစ်ခု ဖြစ်လာပါတော့တယ်။ အဲ့ဒါကတော့ သူအိပ်ရာနိုးလာတိုင်း တစ်နှစ်လုံးကို မမှတ်မိတော့ပဲ ခရစ္စမတ်နေ့ကို ရောက်နေတာမျိုးပါ။ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလာပေမယ့် သူ့အတွက်တော့ နေ့တိုင်းခရစ္စမတ်ပွဲ ကျင်းပနေရတော့တာပေါ့။တစ်နှစ်လုံးလုပ်ခဲ့သမျှ အလွဲတွေကို မမှတ်မိတော့ နောက်ဆုံးသူ့မိသားစုကိုပါ ဆုံးရှုံးလိုက်ရပါတော့တယ်။

ဒီလို အဆုံးမရှိတဲ့ သူအလွန်မုန်းတီးတဲ့ ခရစ္စမတ်နေ့တွေထဲမှာ ပိတ်မိနေတဲ့အခါ သူ့ဘဝမှာ ဘာကတစ်ကယ်အရေးကြီးသလဲဆိုတာ စတင်သိရှိလာပါတော့တယ်။ နောက်ဆုံး သူ့မိသားစုကိုကော ပြန်ပိုင်ဆိုင်နိုင်ပါ့မလား ဒီလိုပိတ်မိနေတာကနေကော လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။

0 comments:

Post a Comment