Rating : 7.5/10
Country : India
Genre : Action, Thriller
Cast : Jim Sarbh, Harshvardhan Rane, Pulkit Samrat
Released Date : 2020
Duration : 2h 59min
Country : India
Genre : Action, Thriller
Cast : Jim Sarbh, Harshvardhan Rane, Pulkit Samrat
Released Date : 2020
Duration : 2h 59min
အညွှန်း
“ထာဝရထက် နှစ်ဆ” မင်းသားလို့ နာမည်ကြီးတဲ့Harshvardhan Rane၊ Jim Sarbh အပြင်မင်းသမီးချောလေးတွေကို ဇာတ်လမ်းထဲ ဝေဝေဆာဆာ ကြည့်ရှုရမှာပါ။
ဒီဇာတ်လမ်းထဲမှာမိသားစု နှစ်စုရှိပါတယ်။ဆရာဝန် မိသားစုနဲ့ ဂန်းစတား မိသားစုလို့နာမည်ပေးလိုက်မယ်။ဆရာဝန် မိသားစုကတော့အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုပါ။ဆရာဝန်မိသားစုမှာ မင်္ဂလာပွဲ ရှိတယ်။ဒါကြောင့် လန်ဒန်မှာ နေတဲ့ ဆရာဝန် ရိုဟန်ဟာညီဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ဂန်းစတား မိသားစုမှာတော့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ညီအစ်ကို ဆိုပေမဲ့ အရင်းတွေ မဟုတ်ဘဲဦးလေးနဲ့ တူအရွယ်ပါ။သူတို့ ညီအစ်ကိုနှစ်ယောက်က အချစ်ရေးနဲ့ပတ်သက်ပြီး မိသားစုတွင်း ပဋိပက္ခတွေ ရှိလာပါတယ်။ဒီမိသားစု နှစ်ခုဟာ ပထမမှာတော့ ဘယ်လိုမှဆက်စပ်ကြည့်လို့ မရဘဲ ကြည့်ရှုသူကိုတောင်အတွေးများစေမှာပါ။ဒါပေမဲ့ တနေ့မှာတော့…အဲ့ဒီမိသားစု နှစ်ခု ဆက်စပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ကိုယ်တိုင်ပဲ ခံစား ကြပါတော့ဗျာ။ပွေ့ဖက်ခန်းတွေအပြင် သတ်ဖြတ်ခန်းတွေနဲ့လည်းဇာတ်လမ်းကို ဆွဲဆောင်ထားပါတယ်။ဒီကားထွက်စတုန်းက ဆီးရီးလို့ ထင်ခဲ့ဖူးပါတယ်။ဒါကတော့ စဆုံးပါပဲ၊ နောက်ထပ်လည်း ထပ်ဆက်စရာ မရှိပါဘူး။
0 comments:
Post a Comment