Rating : 5.8/10
Country : United State
Genre : Drama, Thriller
Cast : Kathleen Quinlan, Alyssa Diaz, Carmel Amit
Released Date : 2018
Duration : 1h 44min
Country : United State
Genre : Drama, Thriller
Cast : Kathleen Quinlan, Alyssa Diaz, Carmel Amit
Released Date : 2018
Duration : 1h 44min
အညွှန်း
သင်သာ Parallel Universes(အပြိုင်ကမ္ဘာ) ထဲကိုသွားလို့ရမယ်ဆိုရင် သင်ဘာတွေလုပ်မလဲ။ ဒီဇာတ်ကားထဲမှာတော့ အပြိုင်ကမ္ဘာကိုသွားဖို့ တံခါးပေါက်ကိုရှာတွေ့သွားတဲ့ လူတွေရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အရာရာတိုင်းမှာလဲ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာမလို့ သူတို့ကော ဘယ်လိုကောင်းတာတွေ ဆိုးတာတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရှု့နိုင်မဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…App တွေ ဖန်တီးရင်းနဲ့ အတူတူအလုပ်လုပ်နေကြတဲ့ သူငယ်ချင်းလေးယောက်ဟာ သူတို့ရဲ့ App ကို အချိန်မှီထုတ်ဖို့ အချိန်မလောက်တော့လို့ စိတ်ညစ်နေကြတာပါ။ ဒါပေမဲ့ သူတို့က အပြိုင်ကမ္ဘာကိုသွားဖို့ လမ်းကိုရှာတွေ့ခဲ့ကြပြီးတော့ အချိန်ကွာဟမှုကို အသုံးချပြီး အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ သူတို့ရဲ့ဘ၀ဟာ သာယာနေပေမဲ့ တစ်ဖြည်းဖြည်းနဲ့ မူမမှန်တာတွေဖြစ်လာခဲ့ပါတယ်။
အောင်မြင်မှုကို လောဘတတ်လာကြတယ်။ အချို့က ပုဂ္ဂိုလ်ရေးကိစ္စတွေအတွက် အဲ့ဒီတံခါးပေါက်ကိုသုံးလာကြတယ်။ သုံးတာများလာလေလေ မူမမှန်တာတွေက ပိုများလာလေဖြစ်လာခဲ့တယ်။ သူငယ်ချင်းလေးယောက်ထဲက တစ်ယောက်ကတော့ ရပ်တန့်ဖို့ ဆန္ဒရှိပေမဲ့ အခြားသူတွေကတော့ ငွေပုံပေါ်က ဘ၀ကြီးကို သာယာနေခဲ့တယ်။ ဒီကိစ္စကို ဘယ်လိုရပ်တန့်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှု့လို့ရမှာဖြစ်ပြီးတော့ အပြိုင်ကမ္ဘာတွေရဲ့သဘောတရားကိုလဲ လေ့လာလို့ရမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အားလုံးဘဲ အားပေးကြည့်ရှု့ကြပါအုံးခင်ဗျာ။

0 comments:
Post a Comment