Rating : 5.9/10
Country : United State
Genre : Comedy, Drama, Family
Cast : Rayane Bensetti, Alexia Giordano, Guillaume de Tonquédec
Released Date : 2019
Duration : 1h 49min
Country : United State
Genre : Comedy, Drama, Family
Cast : Rayane Bensetti, Alexia Giordano, Guillaume de Tonquédec
Released Date : 2019
Duration : 1h 49min
အညွှန်း
Let’s Dance ဆိုတဲ့နာမည်ကို မြင်လိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေရဲ့ စိတ်ထဲမှာ
Step Up, The Streets, Battle, Feel the Beat စတဲ့ရုပ်ရှင်တွေကို
ရုတ်တရက်ပြေးသတိရမိမှာ အသေအချာပါပဲ။ဟုတ်ပါတယ် ….. ဒီရုပ်ရှင်ဟာ လည်း ရှေ့က ပြောခဲ့တဲ့ရုပ်ရှင်တွေလိုပဲ
Comedy Musical Romance Drama ရုပ်ရှင်တစ်ကားပါ။
ဒါပေမယ့် Let’s Dance(2019)ရဲ့ ထူးခြားချက်ကတော့
ပြင်သစ်သရုပ်ဆောင်များနှင့်ပြင်သစ်စကားပြော ရုပ်ရှင်တစ်ကားဖြစ်ခြင်း၊
ပိုမိုရုပ်ရှင်ဆန်တဲ့အရောင်အသွေးများရှိခြင်း၊
ပြင်သစ်အနုပညာရဲ့အစိပ်အပိုင်းထဲက တခုဖြစ်တဲ့ Balletအက၊
ရှည်လျားပြီးသဘာ၀ကျတဲ့ စကားပြောများ၊
သေချာရွေးချယ် အသုံးပြုထားတဲ့ နောက်ခံတေးဂီတ စတာတွေပဲဖြစ်ပါတယ်။ဂျိုးဇက်၊ အမ်မာနဲ့ အာရင်တို့ဟာ Hip Hop အကပြိုင်ပွဲတခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပဲရစ်မြို့ကိုလာခဲ့ကြ သူတွေပါ။
ဂျိုးဇက်နဲ့ အမ်မာနဲ့ဟာ ချစ်သူတွေဖြစ်ကြပြီး အာရင်ကတော့ဂျိုးဇက်ရဲ့ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပါတယ်။
အမ်မာရဲ့အဆက်အသွယ်နဲ့ သူတို့လာခဲ့ကြတာဖြစ်ပြီး
သူမရဲ့အဆက်အသွယ် ယူအီ ကတော့ အမ်မာ တယောက်တည်းကိုသာပဲ
အထူးအခွင့်အရေးတွေပေးချင်တဲ့ နာမည်ရအမျိုးသားကချေသည်တစ်ဦးပါ။
Hip Hop Dance Competition နဲ့ America Ballet ဆိုတဲ့
ပြိုင်ပွဲ ၂ခုကို ဗဟိုပြုပြီး ဇာတ်လမ်းက လည်ပတ်စီးဆင်းသွားပါတယ်။
ဂျိုးဇက်ရဲ့ မွေးစားဖခင်ဖြစ်သူ အာဗန် က
ပဲရစ်မှာကျော်ကြားတဲ့ ပုဂ္ဂလိကBallet သင်တန်းကျောင်းတခုကို ဖွင့်လှစ်ထားပါတယ်။
Hip Hop အကသမား Street အကသမားများကို အကူအညီပေးရင်း
အနုပညာတွေဟာ တဖြည်းဖြည်း ပိုမိုနီးကပ်ပြီး ရောယှတ်လုမတက်ဖြစ်လာပါတယ်။ကျွန်တော့ရဲ့ တစ်ဦးတည်းအမြင်အရဆိုရင်
ရုပ်ရှင်တစ်ကားလုံးရဲ့ ကျက်သရေဟာ ခေါင်းဆောင်မင်းသမီး Alexia Giordano လို့ပဲ ပြောပါရစေ။
သူမဟာ လက်တွေ့ဘ၀မှာလည်း ကျော်ကြားတဲ့ Ballet Dancer နဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။
သူမရဲ့ ထူးခြားတဲ့အလှတရားနဲ့ အနုပညာအရည်အသွေးကလည်း ရုပ်ရှင်ကို ပိုမို သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်။
သွေးသံရဲရဲအနိဌာရုံအခန်းများ လူကြီးများသာ ကြည့်ရှူရန်သင့်လျှော်သော ဇာတ်လမ်းဇာတ်ကွက်များ မပါရှိပေမယ့်
လူငယ်များအကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်တဲ့အတွက်
ကလေးသူငယ်များနှင့် မသင့်လျှော်သော စကားလုံးအသုံးအနှုန်းများ အနည်းငယ်ပါရှိပါတယ်။Let’s Dance ရုပ်ရှင်ဟာ တက်ကြွလက်ဆတ်တဲ့လူငယ်ဘ၀များ၊
တီထွင်ဖန်တီးမှုကို အသားပေးတဲ့ အနုပညာ၊ ချစ်ခြင်းမေတ္တာ စတာတွေကို
ပုံဖော်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုရတာ စိတ်ရွှင်လန်းဖွယ် ခံစားချက်များ ကို ရရှိစေပါတယ်။
ဒါကြောင့် ယခုလို စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများ တိုးပွားများပြားရလွန်းတဲ့
ကပ်ရောဂါဘေးအန္တာရာယ်ကို အံတုနေရတဲ့ အချိန်ကာလအတွင်းမှာ
ဒီလိုကောင်းမွန်တဲ့ရုပ်ရှင်များကို ရွေးချယ်ကြည့်ရှုရင်း စိတ်နှလုံးများ အပန်းပြေနိုင်ကြပါစေခင်ဗျာ။
0 comments:
Post a Comment