Hunt for the Wilderpeople (2016)


 

Rating : 7.9/10
Country : United State
Genre : Adventure, Comedy, Drama
Cast : Sam Neill, Julian Dennison, Rima Te Wiata
Released Date : 2016
Duration : 1h 41min

အညွှန်း
ဒီဇာတ်ကားလေးကတော့ရစ်ကီဆိုတဲ့ကောင်ဆိုးလေးတစ်ယောက်အကြောင်းပါ။ သူကကလေးပြုစုစောင့်ရှောက်ရေးစင်တာမှာနေရတဲ့မိဘမဲ့ကောင်လေးတစ်ယောက်ပါ။ သူ့ကိုအိမ်အများကြီးကမွေးစားခဲ့ပေမဲ့လဲ အမြဲတမ်းထွက်ပြေးခဲ့ပါတယ်။

တစ်နေ့တော့သူလယ်ယာဘက်ကအိမ်တစ်အိမ်မှာမွေးစားခံရပါတယ်။ အဲ့ဒီအိမ်မှာကျတော့မွေးစားအမေနဲ့ သူအဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ကံကြမ္မာဆိုးတစ်ခုက အဲ့ဒီမိသားစုကိုဝင်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့သူအိမ်ကထွက်ပြေးခဲ့ပါတယ်။ တောကြီးမျက်မည်းထဲမှာလမ်းပျောက်နေတုန်းမွေးစားအဖေနဲ့တွေ့ပြီး သူတို့နှစ်ယောက်အိမ်အပြန်လမ်းမှာပြသနာတွေဖြစ်ခဲ့ပါတယ်။

တစ်နေ့ကျတော့သူတို့ကပျောက်ဆုံးနေတဲ့ဝရမ်းပြေးတွေဖြစ်နေတယ်လို့ပြောထားတဲ့အကြောင်းကိုသိခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီးအိမ်ကိုပြန်ဖို့မဖြစ်နိုင်တော့ပဲ ကျယ်ပြန့်လှတဲ့တောအုပ်ကြီးထဲမှာ ရစ်ကီလေးနဲ့သူ့မွေးသားအဖေဟက်တာတို့ရဲ့ စွန့်စားခန်းတွေကို စိတ်လှုပ်ရှားဖွယ်ရာ ပျော်ရွှင်ဖွယ်ရာ ဝမ်းနည်းဖွယ်ကောင်းစရာတွေကိုစိတ်ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲဖြစ်ပါတယ်။

0 comments:

Post a Comment