Half Brothers (2020)


 

Rating : 5.5/10
Country : United State
Genre : Comedy, Drama
Cast : José Zúñiga, Luis Gerardo Méndez, Hayes Hargrove
Released Date : 2020
Duration : 1h 36min

အညွှန်း
ရီနာတို ဆိုတဲ့ကောင်လေးတစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့ မက္ကဆီကန်မိသားစု
သုံးယောက်ရှိတဲ့အထဲက သားလေးတစ်ယောက်ပါ။ နိုင်ငံစီးပွားရေးတွေ ကျပ်တည်းလာတဲ့
အချိန် ရီနာတိုရဲ့အဖေ ဖလာဗီယိုက အမေရိကန်မှာ အလုပ်သွားလုပ်ဖို့ ဖြစ်လာခဲ့ပြီး ရီနာတိုကိုပြန်လာမယ်လို့ ကတိပေးခဲ့ပေမဲ့လည်း ပြန်မလာနိုင်ခဲ့ပဲ အမေရိကမှာ တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီလို့ သိခဲ့ရတယ်။ ရီနာတိုကတော့ သူ့အဖေကို အကြီးအကျယ်စိတ်နာနေခဲ့တယ်။ နှစ်တွေအများကြီးကြာပြီး ရီနာတိုတစ်‌ယောက် ကိုယ်ပိုင်မိသားစုထူထောင်တော့မဲ့အချိန် သူ့အဖေရဲ့အမေရိကန်မိသားစုက ဖလာဗီယိုတစ်ယောက် နောက်ဆုံးအခြေအနေရောက်နေပြီမို့ လာတွေ့ဖို့အသိပေးတဲ့အတွက် အမေရိကကို သွားဖို့ အကြောင်းရှိလာတဲ့အချိန် သူ့မှာ ညီတစ်ယောက်ရှိနေတာကိုပါ သိလိုက်ရပြီး ဖလာဗီယိုသေဆုံးခါနီးမှာ ရီနာတိုတို့ မိသားစုကို စွန့်ပစ်ခဲ့ရတဲ့အကြောင်းကိုရှာဖွေဖို့ ပဟေဠိဆန်ဆန်ချန်ခဲ့တာကြောင့် ရီနာတိုတစ်ယောက် သူ့ရဲ့ ဖအေတူမအေကွဲညီနဲ့အတူ ရှာပုံတော်ဖွင့်ရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။

0 comments:

Post a Comment