Rating : 7.7/10
Country : United State
Genre : Adult, Drama
Cast : Dominique Swain, Cody Renee Cameron, Michelle Maylene
Released Date : 2020
Duration : 1h 30min
Country : United State
Genre : Adult, Drama
Cast : Dominique Swain, Cody Renee Cameron, Michelle Maylene
Released Date : 2020
Duration : 1h 30min
အညွှန်း
၀င်းဖေရေးတဲ့ ခင်မောင်ရင်နဲ့ရုပ်ရှင်ဆိုတဲ့
ဆောင်းပါးလေးဖတ်ရတော့ အဲ့ဒီထဲမှာ
ခင်မောင်ရင်ကို ရုပ်ရှင်ပိုးကြွစေတဲ့ဒါရိုက်တာ
တစ်ယောက်အကြောင်းဖတ်လိုက်ရသေးတယ်။
အဲ့ဒီရုပ်ရှင်ဒါရိုက်တာက ဘင်္ဂါလီအောက်ခြေ
လူတန်းစားနဲ့ အလယ်အလတ်တန်းစားအကြောင်း
Triologyရိုက်ထားတယ်။ အဲ့ဒီသုံးကားကို
ဒါရိုက်တာက ရိုက်ရတဲ့အကြောင်းအရင်းကို
ခင်မောင်ရင်က….” အဲဒီရှော်တိုး ဂျစ်ရွိုင်းဆိုတဲ့ ဘင်္ဂါလီဒါရိုက်တာက
ဘင်္ဂါလီအောက်ခြေလူတန်းစားနဲ့အလယ်အလတ်
တန်းစားတွေအကြောင်း ကောင်းကောင်းသိတယ်။
ကောင်းကောင်း သိတော့ ဒီသုံးကားကို ရိုက်တယ်။
ကောင်း ကောင်းသိတယ်ဆိုတာက
သူတို့အိမ်တွေက ဘယ်လို၊
သူတို့ယုံကြည်တာက ဘယ်လို၊
သူတို့ဓလေ့ထုံးတမ်းက ဘယ်လို၊
သူတို့ယဉ်ကျေးမှုက ဘယ်လို၊
သူတို့ရိုးရာတွေက ဘယ်လို၊
သူတို့မိသားစုချင်း ဆက်ဆံတာက ဘယ်လို၊
ဘယ်လိုစားတာ၊ ဘယ်လိုသွားတာ၊ ဘယ်လိုစားတယ်၊ ဘယ်လိုအိပ်တယ်၊ ဘယ်လို ထိုင်တယ်
အကုန်လုံး ရှော်တိုးဂျစ်ရွိုင်းက သိတယ်။
သိတော့ အဲဒီဟာကို ရိုက်တယ်။
ဘာဖြစ်လို့ရိုက်တာတုန်း။
သူသိပ်သိလို့ရိုက်တာ။ “လို့ဆိုတယ်။ဒီရုပ်ရှင်က ဟောလိဝုဒ်ပခြုပ်သည်မတွေ
အကြောင်းသက်သက်ပါပဲ။ ဘာမှကိုမပါဘူး
ဒီအကြောင်းသက်သက်ပါပဲ။အခု Girl Lostရော
၂၀၁၆ကထွက်ခဲ့တဲ့ Girl Lostရောက
အမေရိကန်ဟောလိဝုဒ်က ပခြုပ်သည်မတွေ
အကြောင်းသက်သက်ပါပဲ။ဒီနှစ်ကားလုံးကို
ဇာတ်ညွှန်းရော ဒါရိုက်တာရောလုပ်ခဲ့တဲ့
Robin Bainက ဒရာမာ Genreသက်သက်မှာ
ဒီလောက်စိတ်ညစ်စရာကောင်းတဲ့ရုပ်ရှင်ကို
ရိုက်ခဲ့တဲ့အကြောင်းအရင်းကလည်း
သူသိလို့ပဲဖြစ်ပါလိမ့်မယ်။
ဒါရိုက်တာက အယ်အေဇာတိဆိုတော့
ဒါတွေကိုအတော်တော့ကြုံဖူးပုံရပါတယ်။
ဒီလိုထင်ရလောက်အောင်လည်း
သူ့ဇာတ်ညွှန်းနဲ့ ပြသပုံတွေက
ဟောလိဝုဒ်ပခြုပ်သည်လောကကို
ခရေစေ့တွင်းကျပြထားတယ်။
အချုပ်ပြောရရင် 2016 ကကားရော
အခုကားရော Ratingတွေကောင်းတယ်
ဒါရိုက်တာကလည်း သူရိုက်တာကို
သူသေချာသိတဲ့သူဆိုတော့
ဂျင်းဖြစ်နေမှာတော့ စိတ်ပူစရာမလိုပါဘူး။
စိတ်ညစ်မခံနိုင်ရင်တော့
မကြည့်တာအကောင်းဆုံးပါပဲ
သရုပ်ဆောင်တွေကအစ
စိတ်ညစ်စရာကောင်းပါတယ်။
သတိချပ်ရမှာက Nude Scene တွေပါဝင်ပြီး Gang Rapeအထိပါပါတယ်။
0 comments:
Post a Comment