Rating : 5.6/10
Country : Japan
Genre : Comedy, Drama
Cast : Bakarhythm, Kaho, Ryô Satô
Released Date : 2020
Duration : 1h 40min
Country : Japan
Genre : Comedy, Drama
Cast : Bakarhythm, Kaho, Ryô Satô
Released Date : 2020
Duration : 1h 40min
အညွှန်း
စိတ်ကူးယဥ်မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီရုပ်ရှင် ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဟာသသရုပ်ဆောင် Bakarhythm ရေးတဲ့နာမည်တူစာအုပ် 2017မှာ စီးရီးရိုက်ကူးခဲ့ပါတယ်။အမျိုးသမီးတော်တော်များများက သူတို့ရဲ့စိတ်ကိုနားလည်တယ်ဆိုပြီး သဘောကျခဲ့ကြပါတယ်။2020 မှာ ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ပါတယ် ဖြတ်သွားဖြတ်လာရင်း တစ်ခါတလေ တခြားလူတွေရဲ့ဘဝတွေကို အားကျမိတာမျိုး ရှိကောင်းရှိမှာပါ။ ငါသာ သူဆိုရင်ဆိုပြီးတွေးမိတာမျိုးလည်းရှိမယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်ဟာ ဘဏ်ကိုသွားလာရင်း ဘဏ်ဝန်ထမ်းမိန်းကလေးတွေကို မြင်ပြီး သူတို့တွေရဲ့ ရုံးသွားရုံးတတ်အချိန်တွေကို ကိုယ့်ကိုကိုယ် မိန်းကလေးတစ်ယောက်လို စိတ်ကူးယဥ်မိတယ် ထင်ပါတယ်။မနက်ပိုင်း မထချင်ထချင် အိပျယာစောစောထမယျ။ ရုံးသှားဖို့ အလှပွငျ။ ရုံးရောကျဖို့ ရထားလေးတိုးစီး “တနလျာနေ့နံနကျတှကေ တကယ်ကိုချမ်းပြီး မထချင်စရာပဲလို့ “ပြောကြရင်းပေါ့။ယော်ျားရင့်မာကြီးတစ်ယောက်က ဒီရုပ်ရှင်ထဲမှာ စကတ်တိုဝတ်ထားပေမယ့် ထူးဆန်းတာက သူသရုပ်ဆောင်တဲ့ဇာတ်ကောင်အတိုင်း မိန်းကလေးတစ်ယောက်လို ဖြစ်နေတာပါပဲ ။သရုပ်ဆောင်အရမ်းကောင်းကြတာ သတိထားမိပါတယ်။ရုပ်ရှင်ကြည့်နေရသလိုမဟုတ်ပဲ ဘဏ်ဝန်ထမ်းတွေကိုပဲ မျက်စိထဲမြင်နေမိပါတယ်။အဓိက သရုပ်ဆောင် Bakarhythm က ဟာသသရုပ်ဆောင်ဖြစ်သလို စာရေးဆရာ၊ သရုပ်ဆောင် ၊သီချင်းရေးဆရာ ၊ပြဇာတ်ရေးဆရာလည်း ဖြစ်ပါတယ်။အဲ့ဒါကြောင့် သူရဲ့ရုပ်တည်ကြီးနဲ့ အရွှန်းဖောက်စာလုံးတွေက ရယ်ရပြီးအဆင့်ရှိပြီး ချစ်စရာကောင်းခဲ့တယ် ထင်ပါတယ်။ ရုပ်ရှင်ကိုစေတနာထားပြီး ရိုက်တယ်ဆိုတာဘာလဲ။သရုပ်ဆောင်တယ်ဆိုတာ ဘာလဲ တွေးမိစေပါတယ်။ ဟာသဆိုတာ အောက်လုံးတွေပြောနေဖို့ မဟုတ်ပါဘူး။စာရေးဆရာ/သရုပ်ဆောင် Bakarhythm ဟာ နေ့စဥ်ဘဝထဲကနေ ဂျပန်လူနေမှုဘဝပုံစံကို အခြေခံပြီး ဂျပန်လူမျိုးတွေရဲ့စကားပြောဆက်ဆံရေးပုံစံတွေကနေ သိမ်သိမ်မွေ့မွေ့လေး အရွှန်းဖောက်ပြသွားတာတွေ့ရမှာပါ။ သာမာန်ရုပ်ရှင်တွေထက် ထူးခြားနေမှာပါ။ ဖြစ်နိုင်ရင် ကြည့်စေချင်ပါတယ်
0 comments:
Post a Comment