Rating : 7.4/10
Country : India
Genre : Drama
Cast : Sharib Hashmi, Sharad Kelkar, Mukesh Ramani
Released Date : 2020
Duration : 2h 25min
Country : India
Genre : Drama
Cast : Sharib Hashmi, Sharad Kelkar, Mukesh Ramani
Released Date : 2020
Duration : 2h 25min
အညွှန်း
သံ ….. ယော ….. ဇဉ် …..စကားက ၃ လုံးထဲ။
တွယ်မိငြိမိရင် လူကို အဆုံးထိအောင် နွယ်ပတ်နေတတ်တာမျိုး
အဆုံးထိအောင် လောင်ကျွမ်းစေတတ်တာမျိုး။သံယောဇဉ် ဆိုတာ အစမထားမိရင် ဘာမှမဖြစ်တတ်တဲ့အမျိုး။
စမိရင်တော့ အဆုံးမရှိ။ဒီဇာတ်လမ်းကတော့ ၁၈၉၁ ခုနှစ်တုန်းက ဝတ္ထုတိုကို ပြန်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။
သံယောဇဉ်ကြိုး နှောင်ဖွဲ့ထုံးတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
ရိုင်ချာရန် ဆိုတဲ့ ကလေးထိန်းတစ်ယောက်အကြောင်းပါ။
ကလေးထိန်းနဲ့ ကလေးရဲ့ သံယောဇဉ်အကြောင်းကို ထိထိမိမိ တင်ပြထားခဲ့တာပါ။
ဇာတ်လမ်းအကြောင်းကို အကျဉ်းရှင်းရင်တောင် ဇာတ်ကြောင်းပေါ်ပြီး ကြည့်မကောင်း ဖြစ်သွားနိုင်တာမို့ စပွိုင်းမပါဘဲ ရိုင်ချာရန် အကြောင်းလို့သာ မှတ်ယူပြီး ကြည့်စေချင်ပါတယ်။ကြည့်မိအောင်သာ ကြည့်ပါ။ ရင်ထဲကို ထိသွားစေရပါမယ်။
မျက်ရည်မခိုင်တဲ့လူဆို မျက်ရည်ကျမိမှာ အသေအချာပါပဲ။
အာရှကားတွေရဲ့ ဒရာမာအချိုးအကွေ့တွေက အာရှသားတွေရဲ့ရင်ကို ယိုင်နဲ့သွားစေမှာတော့ အမှန်ပါပဲ။IMDb – 7.4/10 ဆိုတာကတော့ အလကား မဟုတ်တာ ကြည့်မိရင် သိပါလိမ့်မယ်။

0 comments:
Post a Comment