A.M.I. (2019)


Rating : 3.9/10
Country : United State
Genre :  Horror, Thriller
Cast :  Debs Howard, Philip Granger, Bonnie Hay
Released Date : 2019
Duration : 1h 17min 


အညွှန်း
A.M.I ဆိုတာ Siri လိုမျိုး ကိုယ့်ရဲ့ဖုန်းကို အမိန့်ပေးပြီး စေခိုင်းလို့ ရတဲ့ application တစ်မျိုးပါဘဲ
AMI ရဲ့ ထူးခြားချက်ကတော့ အပျင်းပြေစကားပြောလို့ ရသလို စကားသံကိုလည်း ကိုယ့်စိတ်ကြိုက် အသံထားလို့ရပါတယ် ကိုယ့် Crush ရဲ့ အသံလေး ပြောင်းထားပြီး စကားပြောလို့ရတာပေါ့ 😁
ကဲ ဇာတ်လမ်းက ဒီမှာ စပါပြီ
ကတ်စီဟာ အက်ဆီဒင့်တစ်ခုကြောင့် သူ့ရဲ့အမေကို ဆုံးရှုံးလိုက်ရပြီး အထီးကျန်နေသူပါ
တစ်နေ့ သူ့သူငယ်ချင်း တစ်ယောက်က ဖုန်းမှာ AMI ထည့်ထားပြီး စကားပြောတဲ့အကြောင်း သူ့ကို ပြောပြပေမယ့် သူက စိတ်မဝင်စားခဲ့ပါဘူး
အမေကို လွမ်းနေတဲ့ ကတ်စီ ရှိတဲ့အဖေကလည်း သူ့အမေရှိစဉ်ကတည်းက အတူတူနေတာ မဟုတ်တဲ့အတွက် ရှိတယ်ဆိုရုံပါဘဲ
ကတ်စီမှာ လီယမ်ဆိုတဲ့ ချစ်သူတစ်ယောက် ရှိပေမယ့် လီယမ်ဟာ ဘောလုံးကစားတာကိုသာ အာရုံအပြည့်ရှိပြီး တစ်ခြား မိန်းကလေးတွေနဲ့လည်း ပရောပရည် နေတတ်တဲ့သူပါ
ဒီလိုနဲ့ အထီးကျန်နေတဲ့ ကတ်စီဟာ တစ်ရက် လမ်းမှာ “သူငယ်ချင်း လုပ်မလား” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်ရမှာ ဖုန်းတစ်လုံးဖြစ်ပြီး ဖုန်းရဲ့ AMI က အလုပ်လုပ်နေတာကို တွေ့လိုက်ရပါတယ်
ကတ်စီလည်း ဖုန်းကို အိမ်ယူလာခဲ့ပြီး AMI ကို သူ့အမေရဲ့ အသံကို ပြောင်းလိုက်ပါတယ်
ကတ်စီဟာ AMI နဲ့ နေ့တိုင်းစကားပြောနေပြီး AMI ကို တကယ် သူ့အမေပြောနေတာလို့ ထင်လာပါတယ်
AMI ကလည်း သူ့ကို သူ့အမေလိုဘဲ နေ့စဉ် ဘာလုပ်ရမလဲ ပြောနေရာကနေ ကတ်စီကို အမှားတွေ ကျူးလွန်ဖို့ သွေးဆောင်လာပါတော့တယ်
AMI ပြောသမျှ အဟုတ်ထင်ပြီး ကတ်စီ ဘာအမှားတွေ ဆက်လုပ်နေမလဲ AMI ဟာ တကယ်ဘဲ သူ့အမေရဲ့ ဝိဉာဉ် ပူးကပ်နေသလားဆိုတာကို သည်းထိပ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ
နည်းပညာတွေဟာ သင့်ရဲ့လူနေမှုဘဝကိုပါ လွှမ်းမိုးချုပ်ကိုင်ပစ်နိုင်ကြောင်းကို Horror ဆန်ဆန် ရိုက်ကူးထားလို့ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်


 

0 comments:

Post a Comment