Rating : 7.5/10
Country : United State
Genre : Crime, Drama, Thriller
Cast : Matthew McConaughey, Sandra Bullock, Samuel L. Jackson
Released Date : 1996
Duration : 2h 29min
အညွှန်း
အသက်(၁၀)နှစ်အရွယ် လူမဲကောင်မလေးတစ်ယောက်ဟာ စျေးဝယ်ပြီးပြန်လာတယ်….
ဒီကလေးမလေးအိမ်ကိုပြန်ရောက်မသွားရှာဘူး….လူရမ်းကား (၂)ယောက်ဟာ
ခေါင်းကိုဘီယာဗူးနဲ့ပစ်ပေါက်ပြီးကားပေါ်တင်ခေါ်ကာ မုဒိမ်းကျင့်တ
ယ်…နည်းလမ်းမျိုးစုံနဲ့
ရက်စက်စွာနှိပ်စက်ခဲ့တယ်…..
အသက်ပြင်းတယ်လို့ဆိုရမလားမသိ ဒီကောင်မလေး အသက်ရှင်နေခဲ့တယ်…
မိဘတွေအတွက် ဖြေမဆည်နိုင်အောင်ခံစားကြေကွဲနေတယ်…
ဒီလိုနဲ့ဖခင်ဖြစ်သူဟာ ရှေ့နေတစ်ယောက်ဆီသွားခဲ့တယ်…
” ရှေ့နေကြီး ကျွန်တော်ကျဉ်းထဲကြတ်ထဲရောက်နေတယ်ဗျာ….
မနှစ်ကလည်း လူမဲကောင်မလေးတစ်ယောက်ကို လူဖြူ(၄)ယောက်က
မုဒိမ်းကျင့်တယ်..သူတို့ထောင်မကျတဲ့အပြင် လမ်းပေါ်မှာအေးအေးလူလူ
လမ်းလျှောက်နေခဲ့တယ်မဟုတ်လား ရှေ့နေကြီး”
” ကျွန်တော် ဘယ်လိုကူညီရမလဲဗျ”
ဆိုတဲ့ရှေ့နေကြီးရဲ့အမေးစကားကို ဖခင်ဖြစ်သူက
ကြွေကွဲစွာပြန်ဖြေရှာတယ်…
” ရှေ့နေကြီးမှာလည်း သမီးတစ်ယောက်ရှိတာပဲဗျာ…
ခင်ဗျားဆိုရင်ရော ဘာလုပ်မလဲ”တဲ့………
တကယ့်ကိုကောင်းမွန်တဲ့ကားမို့ ဘာတွေဖြစ်မလဲဆိုတာကို
ခံစားကြည့်လိုက်ပါဦး….
သရုပ်ဆောင်တွေကလည်း တကယ့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်သလို
IMDbလည်း 7.4 တောင်ရရှိထားလို့ ထွေထွေထူးထူးတော့ညွှန်းဆိုမနေတော့ပါဘူး…
သက်ငယ်မုဒိမ်းမှုဆိုတာ တကယ့်ကိုစက်ဆုတ်စရာပါပဲ….နောက်ဆက်တွဲအနေနဲ့
ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ဖို့ဝန်မလေးတဲ့သူတွေ…
လူ့အသိုင်းအဝန်းမှာ တကယ့်ကိုမရှိသင့်တဲ့ အရိုင်းဆန်တဲ့လူသားတွေ…
ဒီလိုအဖြစ်အပျက်မျိုး ကျွန်တော်တို့နိုင်ငံမှာလည်း မကြာခဏ ကြားနေရတယ်….
ဖမ်းဆီးဖို့ရာ အကြောင်းအမျိုးမျိုးကြောင့်လွတ်နေပြီး
ကျွန်တော်တို့အားလုံးရော မိဘတွေရော စိုးတထင့်ထင့်နေရတဲ့အချိန်
ဘယ်လောက်တောင်များနေပြီလဲ..
0 comments:
Post a Comment