Rating : 5.9/10
Country : United State
Genre : Comedy, Drama
Cast : Jean Reno, Hovik Keuchkerian, Susana Abaitua
Released Date : 2019
Duration : 1h 45min
အညွှန်း
တိုရှို၊ ဂျိုဆေးဗားနဲ့ ဂျွန်ပီယာတို့ ၃ ဦးက အရမ်းခင်တဲ့ သူငယ်ချင်း ၃ ယောက်ဖြစ်ပါတယ် သူတို့ ၃ ဦးဟာ မကြာခဏ ခရီးတွေထွက်လေ့ရှိပြီး များသောအားဖြင့် ဆဟာရ သဲကန္တာရကို ဖြတ်ကျော်ခရီးနှင်လေ့ရှိပါတယ် အဲဒီလိုနဲ့အကြောင်းကြောင်းကြောင့် သူငယ်ချင်းတွေ ကွဲကွာသွားရင်း နေလာရာကနေ တစ်ရက်မှာတော့ တိုရှိုတစ်ယောက်
ဂျိုဆေးဗားရဲ့ အမျိုးသမီးဆီကနေ စာတစ်စောင် လက်ခံရရှိပါတော့တယ် သူတို့ရဲ့သူငယ်ချင်းဖြစ်သူ ဂျိုဆေးဗားတစ်ယောက်နောက်ဆုံးအချိန်ရောက်နေပြီဆိုတာကို အသိပေးထားတဲ့စာပါ အဲဒီလိုနဲ့ပဲတိုရှိူတစ်ယောက်ဟာ နောက်ထပ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဂျွန်ပီယာဆီသွားပြီး ဂျိုဆေးဗားဆီ လိုက်ကြဖို့လုပ်ပါတော့တယ် လေယာဉ်နဲ့အားချင်းသွားဖို့စီစဉ်ထားပေမယ့် ဂျိုဆေးဗားသမီးဖြစ်သူအကြံနဲ့ ဟိုးအရင်ကလို ဟိုးအရင်ကကားနဲ့ပဲ သဲကန္တာရကို ဖြတ်ကျော်ခရီးနှင်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ စွန့်စားခန်းကြီးစတင်ပါတော့တယ် သဲကန္တာရအလယ်မှာ ကြုံရတဲ့အခက်အခဲမျိုးစုံ ဒုက္ခသုခပေါင်းစုံနဲ့ ။ ကြုံဆုံရတဲ့ လူအမျိုးမျိုး စိတ်အထွေထွေ အကြောင်းကို ဟာသနှောပြီး ခပ်သွက်သွက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရယ်မောစရာလည်းပါ ရင်မောစရာလည်းပါတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
0 comments:
Post a Comment