Ustad Hotel ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖြစ်တော့
CM Fan တွေကို ပြန်ဝေမျှ ချင်တဲ့ စိတ်လေးဖြစ်ခဲ့တယ်
အဲ့ဒီရုပ်ရှင်က အစားအသောက် အတွက်ရော လူတွေရဲ့
စိတ်အခြေအနေနဲ့ လူမှုရေး ဘဝ တွေ ဘာသာရေးတွေ
အရာအားလုံးကို ရောထွေးထားပြီး ပေးချင်တဲ့ မတ်ဆေ့ချ်
ထိရောက်ပါတယ်....
ဇတ်လမ်းပုံစံလေးကတော့ အဘူဒူရာဇတ် ဆိုတဲ့
အလုပ်ကြိုးစားတဲ့ လူ တစ်ယောက်ရှိတယ်
သူ့ဇနီး က တစ်ရက်မှာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး
အဘူဒူ ကလဲ သားလေး အရမ်းလိုချင်နေတာပေါ့
တက်ကြွနေတာ မြင်မကောင်းဘူး ဒီလိုနဲ့
ခွဲခန်းထဲရောက်နေတုန်း အပြင်က စောင့်နေတာ
အူဝဲ ဆိုတဲ့ အသံနဲ့ အတူ ဘာလေးလဲ ဆိုပြီး
ဝမ်းသာအားရမေးလိုက်တော့ သမီးလေး ပါတဲ့
ဒီမှာတင်ပဲ အဘူဒူ တစ်ယောက် စိတ်တွေကျသွားတာ
အောက်ဆုံးထိပါပဲ ဒါပေမယ့် သားလေးမွေးရမယ်
ဆိုပြီး ထပ်ကြိုးစားတယ် သမီးလေးပဲ မွေးတယ်
မွေးရင်း မွေးရင်း နဲ့ နောက်ဆုံး သမီးတွေပဲ
ထွက်လာတော့ အတော်လေးလဲ စိတ်ကုန်နေပါပြီ
မိန်းမ ဖြစ်သူ နောက်ဆုံးကိုယ်ဝန်နဲ့ ရှိနေတုန်း
တစ်ခြားမြို့ ကို အလုပ်ကိစ္စ နဲ့ ခရီးထွက်သွားပါတယ်
အဲ့ဒီမှာပဲ ဘေးနားမှာ အားပေးသူမရှိပဲ သူ့မိန်းမ
ကလေးမွေးခဲ့ရပါတယ် ဒီတစ်ခါတော့ သားလေးပါ
အဘူဒူ တစ်ယောက် အိပ်မက်တွေ ပြည့်ဝခဲ့ရပြီပေါ့...
သားလေး နာမည်ကို ဖိုင်ဇယ် လို ပေးခဲ့ပြီး
အရမ်းချစ်ခဲ့ရတာပေါ့....
သူ့ခြေရာ သူ့စီးပွားရေးကို ဆက်ခံမယ့် သားတစ်ယောက် ရပြီလို့
တွေးပြီး ကြည်နူးနေတုန်း ရှိသေးတယ် အစ်မတွေ အောက်မှာ ကြီးပြင်းခဲ့ရတဲ့
ဖိုင်ဇယ် တစ်ယောက် ကျန်တာကို ဟုတ်တိပတ်တိ စိတ်မဝင်စားပဲ
အချိန်အားတိုင်း မီးဖိုချောင်ထဲပဲ ဝင်နေလိို့ သူ့အဖေ မျက်ခုံးလှုပ်နေရတော့တာပါပဲ
ဖိုင်ဇယ် တစ်ယောက် သူ့ဘဝ မှာ ဘယ်လို အခက်အခဲတွေ ရှိမယ်
ဘဝ ရဲ့ အိပ်မက် အတွက် ဘယ်လိုတွေ ကြိုးစားရတယ်ဆိုတာ
ဆက်လက်ကြည့်ရှုပေးလိုက်ကြပါအုံး
0 comments:
Post a Comment