ကျောက်ရိုင်းတုံး သို့မဟုတ် မသွေးရသေးတဲ့
ကျောက်ပေါ့ ဒီကျောက်တစ်တုံးပတ်မွှေတာနဲ့တင်တိုင်လည်နေတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ဟော၀ပ်ရပ်တနာ Click ကားနဲ့နာမည်ကြီးခဲ့တဲ့
မင်းသားကြီးAdam Sandler ကိုမြင်ရမှာပါ အဲ့ဘဲကြီးကားတွေဆိုကတည်းက လုံး၀ ပြဿနာပေါင်းစုံနဲ့ မရိုးရတဲ့ကားတွေပဲဖြစ်တယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ…ဒီကားမှာလည်း တချိန်လုံးပြဿနာတက် ကွိုင်တက်တိုင်တွေပတ်နေတာကိုမြင်ရမှာပါ …လက်၀တ်ရတနာဆိုင်ရှင်ဟော၀ပ်ရပ်တနာတစ်ယောက် အီသီယိုးပီးယားက ရောင်ပြေးရွဲကျောက်လေးတစ်လုံးရလာချိန် အဲ့ကျောက်နဲ့ဘယ်လိုတွေ အရှုတ်အထွေးတွေ ဖြစ်မလဲကြည့်ရမှာပါ…..ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင်ပါ တိုင်ပတ်သလိုဖြစ်လာပါလိမ့်မယ်… လောင်းကစားဝါသနာအိုးကြီးဖြစ်တဲ့ဟောဝပ် အိမ်ထောင်ရေးလူမှုရေးနဲ့စီးပွါးရေး သုံးရပ်လုံးမှာပြဿနာအလီလီတက် သူ့ကိုဆိုဘယ်သူမှမယုံကြည်ချင်ဖြစ်လောက်အောင် ကံကလဲမျက်နှာသာမလိုက်ခဲ့ပါဘူးမျက်နှာသာလိုက်တဲ့ခါကျပြန်တော့လဲ မမျှော်လင့်ထားတဲ့ဘယ်လို ကိစ္စတွေထပ်ဖြစ်မလဲကတော့ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ကြည့်ပါ IMDbမှာ8ရထားပြီးRottenTomatoesမှာ93%နဲ့လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ဘ၀မှာအမြဲအဆင်ပြေနေတဲ့ ပရိတ်သတ်တွေအနေနဲ့ ရသမြောက်စွာ အရှုတ်အထွေး
တွေပြည့်နေတဲ့ ဒီကားကို လွန်စွာမှ သဘောကျလိမ့်မယ်လို့ ညွှန်းဆိုလိုက်ပါတယ်..

0 comments:
Post a Comment