S.P. Chauhan (2019)




Rating : 5.4/10
Country : India 
Genre :  Drama
Cast :   Jimmy Sheirgill, Yuvika Chaudhary, Yashpal Sharma
Released Date : 2019
Duration : 2h 16min 


အညွှန်း

ဒီဇာတ်ကားကတော့ အိန္ဒိယနိုင်ငံက ပရဟိတသမားတစ်ယောက်ရဲ့ဘဝကို အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟာယာနပြည်နယ်မှာ ဆက်ပယ် ချောင်ဟွန်းဆိုတဲ့လူတစ်ယောက်ရှိပါတယ်။

သူက သူ့အကျိုးထက် သူများအကျိုးကိုပိုကြည့်တဲ့လူစားမျိုးပါ။

သူလုပ်ခဲ့တဲ့ကိစ္စတွေထဲမှာ အမျိုးသမီးတွေကိုစွမ်းရည်မြှင့်တင်ပေးဖို့နဲ့ အရက်ကင်းစင်တဲ့လူ့အသိုင်းအဝန်းဖြစ်အောင်လုပ်ဖို့တွေပါဝင်ပါတယ်။

ဒီဇာတ်ကားမှာတော့ သူ့ဘဝတစ်လျှောက် ခက်ခက်ခဲခဲအခြေအနေတွေကို ကျော်ဖြတ်ပြီး ဘယ်လိုရုန်းကန်ခဲ့သလဲ၊ ဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲဆိုတာတွေပါဝင်နေပါတယ်။

ဒါရိုက်တာ Jha Manoj ရိုက်ကူးထားပြီးတော့ မင်းသားကြီး Jimmy Sheirgill ဦးဆောင်ပါဝင်သရုပ်ဆောင်ထားပါတယ်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှာစပြီးရုံတင်ထားလို့ လတ်လတ်ဆတ်ဆတ်ဇာတ်ကားတစ်ကားပါပဲ။

0 comments:

Post a Comment