Shawn Mendes In Wonder (2020)


 

Rating : 6.9/10
Country : United State
Genre : Documentary, Music
Cast : Camila Cabello, Shawn Mendes
Released Date : 2020
Duration : 1h 23min

အညွှန်း
Netflix မှာ ပူပူ​လော​လောထွက်ရှိထားတဲ့ Documentary Movie လေးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။
Shawn Mendes ဆိုတဲ့နာမည်ကို မသိသူမရှိ​လောက်ပါဘူး။ သူဟာအဆိုပညာရပ်မှာ​ရော သီချင်း​ရေးစပ်တဲ့​နေရာမှာပါ
သူမတူ​အောင်ထူးချွန်လှတဲ့​ကောင်​လေးတစ်​ယောက်ဖြစ်ပါတယ်။

သူ့ရဲ့နာမည်ကြီးသီချင်း​တွေဖြစ်တဲ့ “Treat You Better,Stitches,If I Can’t Have You,Señorita” အစရှိတဲ့
သီချင်း​တွေဟာလည်း ကမ္ဘာတစ်၀န်းမှာ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့သီချင်း​တွေဖြစ်ပါတယ်။ World Tour ပေါင်းများစွာကိုလည်း
အောင်​အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

Shawn ဟာ အခုဆိုရင် အစဥ်အလာကြီးမားတဲ့ ဆုတံဆိပ်​ပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိထားပါပြီ။
သူဒီလို​အောင်မြင်တဲ့အဆို​တော်တစ်​ယောက်ဖြစ်လာဖို့အတွက် ဖြတ်သန်းခဲ့ရတဲ့သူ့ဘ၀အ​ကြောင်း သူ့မိသားစုအ​ကြောင်း
သူ့သူငယ်ချင်း​တွေအ​ကြောင်း ပြီး​တော့ သူ့ရဲ့ Relationship အ​ကြောင်း ထပ်ပြီး​တော့ အဆို​တော်ဘ၀မှာသူရင်ဆိုင်​နေရတဲ့
အခက်အခဲ​တွေအ​ကြောင်းကို စုံစုံလင်လင်ချပြသွားခဲ့ပါတယ်။

ဒီအ​ကြောင်း​တွေကိုချပြရာမှာ Documentary Movie ဆိုတဲ့အတိုင်း ဟိတ်ဟန်​လုံးဝမရှိဘဲ အရှိကိုအရှိအတိုင်း
သဘာ၀ကျကျဖော်ပြခဲ့တာဟာ တော်​တော်ကို​လေးစားဖို့ ကောင်းပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့
ရင့်ကျက်​နေပြီဖြစ်တဲ့ Shawn ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။

အရမ်း​​ကောင်းလွန်းတာမို့ ထွေ​ထွေထူးထူးညွှန်းမ​နေချင်​တော့ပါဘူး အချိန်​ပေးကြည့်ရတာတန်လွန်းတဲ့
Documentary Movie လေးတစ်ပုဒ်လို့ပဲ နိဂုံးချုပ်ညွှန်းဆိုလိုက်ပါမယ်

0 comments:

Post a Comment