Running Shaadi (2017)


Rating : 6.6/10
Country : India 
Genre :  Comedy, Romance 
Cast :  Arsh Bajwa, Taapsee Pannu, Richa Meena
Released Date : 2017
Duration :  1h 45min 

အညွှန်း



အရှေ့တိုင်းနဲ့ အနောက်တိုင်းမှာ ကွာခြားတာတွေ အများကြီး ရှိပါတယ်။အဲဒီအထဲမှာ လက်ထပ်ဖို့ အစီစဉ်ချတဲ့ ပုံစံ၊ လမ်းကြောင်းတဲ့ပုံစံ ကလည်း တစ်ခုအပါအဝင်ပါပဲ။အရှေ့တိုင်းတွေထဲမှာမှ အိန္ဒိယနိုင်ငံမှာ ဇာတ်မြင့်၊ ဇာတ်နိမ့် ခွဲခြားတာက တစ်မျိုး၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာက တစ်ဖုံဆိုသလို လက်ထပ်တဲ့ ကိစ္စတွေမှာ အဲဒီ ကိစ္စတွေဟာလည်း ဂရက်ရိုက်လာပြန်ပါတယ်။အိန္ဒိယနိုင်ငံမှာ အဲဒီပြဿနာတွေကြောင့် အိန္ဒိယအစိုးရက နောက်ဆုံး ဥပဒေတစ်ခုကို ပြဋ္ဌန်းခဲ့ရပါတယ်။ ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ဇာတ်ကို လက်ထပ်နိုင်တဲ့ ဥပဒေပါ။ “Special Marriage Act” လို့ခေါ်တဲ့ အထူးထိမ်းမြားမင်္ဂလာ အက်ဥပဒေပါ။စတဲ့ ဥပဒေ ကိစ္စတွေကိုပါ ထည့်သွင်း ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းလေးပါ။

ဘာသာမတူရင်၊ ဇာတ်အဆင့်တန်း မတူရင် ပြဿနာတွေ တက်လွန်းတဲ့အတွက် လူငယ်တွေကြားမှာ ဒုက္ခရောက်ကျပါတယ်။လူငယ်တွေဆိုတဲ့အတိုင်း ရှေးလူကြီးတွေရဲ့ အယူအဆတွေကို တစ်တဝေမတိမ်း မလိုက်နာချင်ကြပါဘူး၊၊ လူကြီးတွေကိုလည်း မလွန်ဆန်နိုင်ကြဘူး။ အဲဒါတွေရဲ့ ရလဒ်ကတော့ နောက်ဆုံး ခိုးပြေးကြရတော့တာပါပဲ။လူများနဲ့ မတူတဲ့ စွန့်ဦးတီထွင်လုပ်လိုက်နိုင်တဲ့ ဝဘ်ဆိုဒ်လေးကို လူငယ်တွေ ဘာကြောင့် သဘောကျလာသလဲ?အဲဒီဝဘ်ဆိုဒ်ကို ထောင်ဖို့ ဇာတ်လိုက်မင်းသားက ဘာကြောင့် အကြံရခဲ့တာလဲ?ခိုးပြေးဖို့ အစီအစဉ် မရှိတဲ့ ဇာတ်လိုက်ဟာ ဘာကြောင့် ခိုးပြေးတဲ့ ကိစ္စတွေထဲကို ဝင်ပါလာရတာလဲ?ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းခဲဲ့လဲ?စတဲ့အကြောင်း အရာတွေကို ကြည့်ရှုခံစားရမှာပါ။အဲဒီအချက်တွေ အပြင် ဇာတ်လိုက်မင်းသားက မင်းသမီးအပေါ် ထားတဲ့အချစ်ကလည်း အတုယူစရာလေးပါပဲ။ဇာတ်လိုက် မင်းသမီးရဲ့ မထုံသက်သေး အမှုအရာလေးကလည်း ကြည့်လို့ကောင်းပါတယ်။ဟာသတွေလည်း ပါတဲ့အတွက် လုံးဝမပျင်းရတဲ့အပြင် ကြည်နူးဖို့ကောင်းအောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေး တစ်ကားပါပဲ။


 

0 comments:

Post a Comment