“………ဒါပေမယ့် ဒီမှာ ဒီကလေးက အိန္ဒိယရောပါကစ္စတန်ရောမှာ မွေးတာ မဟုတ်ဘူး
နိုင်ငံတကာ နယ်စပ်လို့လည်း ခေါ်တယ်
ဘယ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်မလဲ ဒီကလေးက အိန္ဒိယလား ပါကစ္စတန်လား
ဘာမှမဟုတ်ဘူး ဒါမမဟုတ် နစ်ခုလုံးပဲ
ဒါမှမဟုတ် ကမ္ဘာနိုင်ငံသားဖြစ်မယ်
ဟုတ်တယ် အချစ်တွေနဲ ့မွေးလာတာ
သူဖာသာ နေရာတစ်ခု လုပ်လိမ့်မယ်
အကန် ့အသတ်မရှိတဲ့မြေ
ဝင်တာ ထွက်တာ ကန် ့သတ်မှုမရှိတဲ့မြေ
သူရဲ့နိုင်ငံက လူသားနိုင်ငံလို ့ခေါ်မယ်….”
Refugee (2000) သည် IMDb 5.5 Google User 75 % ရထားသော ဒါရိုက်တာ J.P. Dutta ကိုယ်တိုင် ရေးသား ရိုက်ကူးထား၍ သရုပ်ဆောင် Jackie Shroff, Sunil Shetty, Abhishek Bachchan တို့ ပါဝင်သရုပ်ဆောင်ထားသော Drama, Musical, Romance ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
Manzur Ahmed ရယ် သူ့ရဲ့ မိန်းမ သူ့ရဲ့အမေ သူရဲ့ သမီးတို့နဲ့ ၁၉၄၈ ပတ်ဝန်းကျင်က အရှေ့ပါကစ္စတန်တွင် နေထိုင်ကြမယ်လို့ ဆုံးဖြတ်ပြီးအလာ ပါကစ္စတန်ကို ရောက်ဖို့အတွက် လမ်းကျွမ်းကျင်စွာ လိုက်ပို့နိုင်သောသူ ရှာရာ ဒုက္ခသည်လို့ အမည်ရတဲ့ သူငယ်တစ်ဦးနဲ့ တွေ့ရှိကာ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ထိုသူငယ်နှင့် သူ့ရဲ့သမီးတို့ ချစ်ကြိုက်ရမှာ နယ်စမ်ဗိုလ်ကလေးကလည်း သူ့သမီးကို ချစ် သုံးပွင့်ဆိုင် ဇာတ်လမ်းကြား နှစ်နိုင်ငံ နယ်စပ်ဒုက္ခတွေကြားက ဒုက္ခသည်တွေရဲ့ ဘဝကို ထင်ဟပ် ရိုက်ကူူးထားသော ဇာတ်ကားကောင်းလေးတစ်ကားမို့ ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျာ…
0 comments:
Post a Comment