ကိုယ်ပဲ နောက်ကျတယ်ပဲ ပြောမလားပေါ့။
ကားဟောင်းလေးတွေ ပဲ ပြန်ကြည့်နေတာနဲ့
ဒီကားလေးကို အခွေဝယ်ထားတာကို သတိမထားမိလိုက်ဘူး။ အခုလေးတင် ပဲ ကြည့်ပြီးတယ်။
ရင်ထဲမှာ The lunchbox တုန်းကလိုမျိုး ကြည့်ရတာ
ခံစားချက်ခြင်းသွားတိုက်ဆိုင်တယ်။
ရွာက အဘွားဖြစ်သူကိုထောက်ပံ့ ဖို့ မွမ်ဘိုင်း မြို့ပေါ်တက်
ပြီး ဓာတ်ပုံရိုက်တဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ လူငယ်တစ်ယောက် တနေ့မှာ အမှတ်မထင် ဓာတ်ပုံရိုက်ပေးလိုက်ပြီး
ဓာတ်ပုံမယူသွားခဲ့တဲ့ကောင်မလေးတစ်ယောက်။
သူတို့နှစ်ဦးရဲ့ အခြေအနေကွားခြားမှုတွေနဲ့
ဇာတ်လမ်း ကိုပေါတောတော အကွက် လေးတခုမှမပါပဲ
ဆွဲဆောင်သွားတယ်။ ချစ်တယ်ကြိုက်တယ်
သီချင်းတွေဆိုမယ် ကမယ် လိုမျိုး ကုလားကား မျိုး
မဟုတ်ပဲ အပိုတစ်ခုမှ မပြောပဲ သူတို့ရဲ့ ရင်ထဲက
မေတ္တာတွေကို အမူအရာလေးတွေနဲ့ပဲဖော်ပြသွားတယ်။
ဇာတ်ဝင်ခန်းတိုင်းက အဆုံးသတ်ကို
သိအောင်ဆွဲဆောင်နေသလိုပဲ။ အခုနောက်ပိုင်း Bollywood မှာ ဒီလိုကားလေးတွေ ရှားလာသလောက်
အခုလို ကြည့်လိုက်ရတာဟာ တကယ်ကို တန်ဖိုးရှိလှလွန်းတယ်။ ဇာတ်အညွှန်း ကို ရေးချင်ပေမဲ့ ဒီလိုကားမျိုးက ကိုယ်တိုင် ကြည့်ပြီးမှ ခံစား ကြည့်ရတာ ပိုအဆင်ပြေတယ်။
ပထမဆုံး the lunchbox အခု ဒီ photograph
ဆိုတဲ့ကားလေး ဇာတ်အိမ်လှလှလေးတွေနဲ့
ဇာတ်သိမ်း ကို ကိုယ်တိုင်စိတ်ကူးယဉ်ပြီးတွေးနိုင်သလို
ရိုက်ပြ သွားတဲ့ Director Ritesh Batra ကို
အတော်လေးသဘောကျလာတယ်။
အဲ့လို ကိုယ်တိုင် စိတ်ကူးယဉ်နိုင်တဲ့ ending မျိုး
နဲ့ ကုလားကားလေး ဆက်ဖန်တီး နိုင်ဖို့မျှော်လင့်တာပဲ။
နောက်တခု သဘောကျမိတာက
မင်းသား nawazuddin ကိုပဲ သူ့ရဲ့ ကာရိုက်တာတိုင်းကို
ပီပြင်စွာ သရုပ်ဆောင်သွားနိုင်တယ်။ ဒီကားကို
အားရ ရတဲ့အကြောင်းအရင်း တွေထဲမှာ သူကြောင့် ဆိုတဲ့
အချက် ပါတာကို မငြင်းနိုင်ဘူ

0 comments:
Post a Comment