cRating : 7.4/10
Country : India
Genre : Drama, Romance
Cast : Sharwanand, Sai Pallavi, Suneel
Released Date : 2018
Duration : 2h 38min
အညွှန်း
အသစ်ထွက် Telugu ဇာတ်ကားလေးဖြစ်ပါတယ်။ Romance/Dramaဇာတ်ကားလေးဖြစ်ပြီး ဟာသနှောရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။
Castတွေကတော့ ဆူရီရာအဖြစ် Sharvanand ၊ ဗေရှာလီအဖြစ် မင်းသမီးချော Sai Pallavi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 6.5 ထိရထားပါတယ်။
ဇာတ်လမ်းလေးကတော့ ဘဝနောက်ခံအခြေအနေမတူ၊ စရိုက်ချင်းမတူ၊ တွေးခေါ်ပုံချင်းမတူတဲ့ လူနှစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာ၊အဆင်မပြေမှု၊ သဘောထားကွဲလွဲမှုတွေကိုပြသွားပြီး အပြင်လက်တွေ့သမီးရည်စားအတွဲကြားဖြစ်တတ်တဲ့အခြေအနေတွေ၊အိမ်ထောင်ရေး ပြသနာတွေကို ရိုက်ကူးပြသွားတာပဲဖြစ်ပါတယ်။
ဟာသနှောပြီး အလွမ်းအဆွေးတွေကိုရိုက်ကူးပြထားတဲ့အတွက်အရသာတစ်မျိုးတော့ရမှာပါ။ ဇာတ်ဆောင်မင်းသားရဲ့ ဂျစ်ကန်ကန်သရုပ်ဆောင်ပုံစံ၊ ပေါ့ပေါ့ပါးပါးနေဟန်တွေကိုလည်းတွေ့မြင်ရမှာပါ

0 comments:
Post a Comment