Rating : 8.1/10
Country : India
Genre : Comedy, Drama, Fantasy
Cast : Paresh Rawal, Akshay Kumar, Mithun Chakraborty
Released Date : 2012
Duration : 2h 5min
Country : India
Genre : Comedy, Drama, Fantasy
Cast : Paresh Rawal, Akshay Kumar, Mithun Chakraborty
Released Date : 2012
Duration : 2h 5min
အညွှန်း
ဒီဇာတ်ကားလေးကတော့ ကြည့်တိုင်းမရိုးရတဲ့ အတွေးအခေါ်ကားလေးဖြစ်ပြီး IMDB -8.3 အထိလည်း ရရှိထားပါသေးတယ်။ ဇာတ်လမ်းအရတော့ မစ္စတာကမ်ဂျီ ဆိုသူဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး ကိုးကွယ်မှုအပေါ်လည်း လက်တလုံးခြား အမြတ်ထုတ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူရဲ့ ဆင်းတုတော်ဆိုင်လေး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့် မစ္စတာကမ်ဂျီ ဟာ အာမခံကုမ္ပဏီရဲ့ လျော်ကြေးကို သွားရောက်တောင်းခံခဲ့ပါတယ်။ သို့သော် ဒီပျက်စီးမှုဟာ ဘုရား ကို မယုံကြည်မှု စော်ကားမှုကြောင့် ဖြစ်ရသည်ဟု ငြင်းဆိုမှုကြောင့် မစ္စတာ ကမ်ဂျီလည်း အာမခံကြေးမရှိခဲ့ပေ။
ဤသို့သော အကြောင်းတွေကြောင့် မစ္စတာကမ်ဂျီဟာ ဘုရားကို တရားစွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေကို ဆင့်ခေါ်စေပြီး ဘုရား၏ ဖန်တီးမှုကြောင့် သူ့ဆိုင် ပြိုပျက်ရခြင်းဖြစ်ကြောင်း ရှင်းပြရင်း တရားဆိုင်စေခဲ့ပါတယ်
ဒီကားလေးရဲ့ အနှစ်သာရကတော့ လေးနက်လွန်းလှပြီး ဘာသာမဲ့တစ်ဦး၏ တရားဆိုင်မှုတွေက စိတ်ဝင်စားစရာကောင်းလာခဲ့ ပါတယ်။ မစ္စတာကမ်ဂျီရဲ့နိဂုံး ဘယ်လို အဆုံးသတ်ခဲ့မလဲ။ တရားရေးဆိုင်မှုတွေက အောင်မြင်လာခဲ့မလား ဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုရင်း တွေးဆလာမိမှာပါ။
ဘာသာရေး တစ်ခုရဲ့ယုံကြည်မှုက နှလုံးသားက မွေးဖွားလာခြင်းဖြစ်ပြီး အယောင်ဆောင် ကိုးကွယ်မှုတွေကို ဒီဇာတ်ကားလေးက ကောင်းကောင်းကြီးသရော်စေခဲ့ပါတယ်။
ထို့ပြင် သန့်ရှင်းတဲ့ဘာသာရေးအပေါ် အသုံးချနေသူတွေရဲ့ သဘောသဘာဝနှင့် စကားတစ်ခွန်း၏ ညွန်းဆိုပုံတွေကလည်း ကွက်ကွက်ကွင်းကွင်းရှိလှတာကြောင့် ကြည့်ရှုရင်း အကျိုးရှိလှစေသည့် ဇာတ်ကားဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

0 comments:
Post a Comment