ရေပြင်ပေါ်က ကျောင်းအိုလေးတစ်ကျောင်းမှာ ဆရာရယ်၊
ဆရာမရယ်၊ ကျောင်းသားအနည်းငယ်ရယ်နဲ့ ထွေလာတစ်ခုကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ခုချိန်မှာတော့ အကြည်တက်တက်ချင်းအမြန်ဆုံးလေး တင်ဆက်ပေးလိုက်ပါပြီ။အညွန်းလေး ရေးပြရမယ်ဆိုရင် ခံစားချက် တစ်ချို့ ထည့်ရေးပါရစေ။
———————————————-
-ကျောင်းဆရာ၊ ကျောင်းဆရာမ တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့အခါဝါသနာအရင်းခံပြီး စွန့်လွှတ်စရာတွေများစွာုကြုံလာတဲ့အခါ ရင်ဆိုင်ရဲပါ့မလား။တပည့်လေးတွေက ကိုယ့်စကားကို နားမထောင်ကြတဲ့အခါ၊ အရင်ဆရာမနဲ့ပဲ ပြန်သင်ချင်ပါတယ်လို့ ကိုယ့်ရှေ့မှာ ညည်းညူတဲ့အခါ ကိုယ်ဘယ်လို ခံစားရမလဲ။ဆရာ၊ဆရာမတစ်ယောက် လိုချင်တာကကိုယ့်အိမ်နဲ့ အနီးဆုံးမှာ တာဝန်ထမ်းဆောင်ဖို့၊ရာထူးကြီးကြီးမားမား တစ်ခုရဖို့ပဲလား။ ဒီထက် ပိုကောင်းတဲ့ ကလေးတွေအတွက်ရည်ရွယ်ချက်တွေ ဆရာ၊ဆရာမတို့ရဲ့ ရင်ထဲမှာ ရှိတယ်ဆိုရင် ယုံမလား။ ကလေးတွေအတွက်ဆိုပြီး စွန့်လွှတ်ခဲ့ရတဲ့အထဲချစ်သူရည်းစားလည်း ပါမယ်ဆိုရင် မလွဲလောက်ပါဘူး ဆိုတာ လက်ခံပါရဲ့လား။မဖွံ့ဖြိုးတဲ့ ဒေသတစ်ခု၊ ဝေးလံခေါင်သီတဲ့ ဒေသတစ်ခုကိုတာဝန်ထမ်းဆောင်ဖို့ သွားရတဲ့အခါ ကိုယ့်ပညာအစွမ်းတွေကို မြို့ပြကျောင်းတွေမှာထက်ပို ဒီလိုနေရာမျိုးမှာ ပိုပြီး ထုတ်ပြခွင့်ရတယ်ဆိုရင် လက်ခံမလား။ လှပြီးသား ပန်းခင်းကိုပေါင်းသင်မြက်နှုတ်ရုံလောက်နဲ့ ဥယျာဉ်မှူးဘွဲ့ခံယူတတ်တာဆရာ ဆရာမတွေရဲ့ စရိုက်မဟုတ်ဘူးလေ။ဒါတွေဟာ ဆရာ ဆရာမတွေရဲ့မပြောဖြစ်တဲ့ ခံစားချက်တွေပါ။သူတို့ရဲ့ ရင်ဘတ်ကနေ ဒိုင်ယာရီ၊ မှတ်စုစာအုပ်လေးပေါ် ချရေးရုံကလွဲဘယ်သူမှ မသိတဲ့ခံစားချက်တွေဆိုတာဒီဇာတ်ကားလေး ကြည့်ရင်း နားလည်မိမှာပါ။တောရွာလေး တစ်ခုကိုပြောင်းရွှေ့ခံလိုက်ရတဲ့ဆရာမတစ်ယောက်နဲ့စေတနာတစ်ခုတည်းနဲ့ အရင်းခံပြီး ရောက်လာခဲ့တဲ့ ဆရာလေးတို့ရဲ့ဒီဇာတ်လမ်းလေးဟာ အချစ်၊ ပညာရေး၊ဘာသာရေးတွေ ရောယှက်ပြီးဝေဆာနေပါတော့တယ်။

0 comments:
Post a Comment