My Teacher, Mr. Kim (2003)


 

Rating : 6.4/10
Country : Korea
Genre : Comedy, Drama
Cast : Seung-Won Cha, Hee-Bong Byun, Ji-ru Sung
Released Date : 2003
Duration : 1h 57min

အညွှန်း
ကိုဗစ်ကာလမှာ Heartwarming ဖြစ်စေမယ့် ကိုရီးယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ကျေးလက်ကဆရာဆိုရင် ဒီဘက်မှာဦးညပုလေးရဲ့မီးအိမ်ရှင်မလေးဆိုတဲ့သီချင်းကိုပြေးမြင်မိမှာပါ။ ဒီထဲကဆရာကတော့အခုလောက်မရိုးရှင်းပါဘူး ကင်ဘုံဒူဆိုတဲ့ မြို့ပြကဆရာတစ်ယောက်က နာတာရှည်ဖြစ်နေတဲ့အဖေကြောင့် ကျောင်းသားမိဘတွေဆီက စာအိတ်ကလေးတွေလက်ခံခဲ့ပါတယ်။ တစ်ရက်မှာအလုပ်ထွက်ရဖို့ဖြစ်လာပြီး အလုပ်လည်းမထွက်ချင်တာကြောင့် လိုအပ်နေတဲ့ကျေးလက်ဘက်က စတိုးဆိုင်တောင်မရှိတဲ့ နယ်ဖျားတစ်နေရာမှာ ဆရာလုပ်ဖို့ဖြစ်လာပါတယ်။အစကတော့ သူလည်းကျောင်းပြန်ပြောင်းရဖို့အမျိုးမျိုးကြိုးစားပါတယ်။ ဟာသလေးတွေလည်းပါပါတယ်။ ဒီထဲမှာ ဆရာကကလေးတွေကိုသင်ပေးတာထက် ကလေးတွေကပါ ဆရာ့စိတ်ထားကိုပြုပြင်ပေးသွားတာကို ကြည်နူးဖွယ်တွေ့ရမှာပါ။ ကျေးလက်လူထုနဲ့ စာသင်ကျောင်းတွေ၊ ကျေးလက်ကကျောင်းသားကလေးတွေ၊ အသက်ကြီးပြီး ဇီဇာကြောင်ပေမယ့် သဘောကောင်းတဲ့အဖိုးကြီးတွေ အထီးကျန်နေတဲ့အချိန်တွေပဲဖြစ်ဖြစ် Heartwarming ဖြစ်စေတာမို့ ကြည့်ကြည့်သင့်တယ်လို့ ထင်ပါတယ်

0 comments:

Post a Comment