Call (2020)


 

Rating : 8.4/10
Country : Korea
Genre : Thriller
Cast : Oh Jeong-Se, Jong-seo Jun, Sung-Ryung Kim 
Released Date : 2020
Duration : 1h 52min

အညွှန်း
ဆိုယွန်း  ဟာ
မိခင်ဖြစ်သူရှိတဲ့ ကျေးလက်ဒေသက ဆေးရုံတစ်ခုကို သွားတဲ့လမ်းမှာ ဖုန်းကျပျောက်ခဲ့ပါတယ်။အဲ့ဒီအချိန်အိမ်ဖုန်းကို ခေါ်ဆိုလာတဲ့ဖုန်းတစ်ခု…အသက်အန္တရယ်ကြောင့် “ဆွန်ဟီးရေး ငါ့ကိုကယ်ပါ” ဗလုံးဗထွေးနဲ့ပြောရင်းဖုန်းချသွားတယ်…ဆိုယွန်းဟာ သူ့နာမည်နဲ့ဖုန်းဝင်တာလည်းမဟုတ်လေတော့ ဖုန်းမှားတယ်ပဲယူဆလိုက်တယ်…
နောက်ရက် ဖုန်းထပ်ဝင်လာပြန်တယ်…ဖုန်းခေါ်တဲ့ကောင်မလေးက သူ့ကိုယ်သူယောင်ဆုလို့မိတ်ဆက်ပြီးသူ့အသက်အန္တရယ်ရှိကြောင်းထပ်ပြောပြန်ရင်း ဖုန်းအလောတကြီးချသွားပြန်တယ်..တစ်ခါလည်းမဟုတ် အခါခါဖြစ်လာတော့ဆိုယွန်းဟာ ယောင်ဆုဆိုတဲ့နာမည်ကို စိတ်ဝင်စားလာတယ်..အဲ့ဒီအချိန်တိုက်တိုက်ဆိုင်ဆိုင်သူ့အိမ်ရဲ့ လျှို့ဝှက်အခန်းတစ်ခုထဲမှာ ဗူးတစ်ဗူးသွားတွေ့တယ်..အဲ့ထဲမှာ ယောင်ဆုပုံပါသလို ယောင်ဆုရေးထားတဲ့ဒိုင်ယာရီကိုတွေ့မိသွားတယ်…နောက်နေ့ဖုန်းလာတော့ အြပန်အလှန်စကားပြောကြရင်း သူတို့(၂)ယောက်ဟာအချိန်နှစ်(၂၀)လောက်ကွာဟာတဲ့ကာလမှနေပြီး တူညီတဲ့ အိမ်တစ်အိမ်ထဲမှာရောက်နေကြောင်း ထူးဆန်းစွာပဲသိလိုက်ရတယ်..တကယ်တော့ ဆိုယွန်းဟာ အမေက ရောဂါကျွမ်းပြီး သေလုမတတ်ရောဂါခံစားနေရတဲ့အပြင်အဖေဖြစ်သူကလည်း ငယ်ငယ်လေးကထဲကမီးလောင်ရင်းဆုံးပါးသွားတာဖြစ်တယ်..ဒီအကြောင်းတွေအပြန်အလှန်သိလာတဲ့အခါမှာတော့ တစ်ယောက်ဒုက္ခတွေတစ်ယောက် မတူညီတဲ့အချိန်ကာလကို အသုံးချပြီး ကယ်ဆယ်ဖို့ကြိုးစားကြပါတော့တယ်…..ဒီကားက နာမည်ကြီးမင်းသမီးကြီးတွေ ဇာတ်ပို့တွေနဲ့ရိုက်ကူးထားတယ်…Park Shin-Hye က ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး ဇာတ်လမ်းက စမှဆုံးထိ စိတ်ဝင်စားစရာကောင်းလှတယ်..ြပီးတော့ တော်တော်ကြီးလည်း ထိတ်လန့်ဖို့ကောင်းတယ်…ခံစားကြည့်ကြပါဉီး…

0 comments:

Post a Comment